ဘယ်သူဘာပြောပြော ဂရုမစိုက်ပါနဲ့

img_0.5677516852126893.jpg
https://www.freeimages.com/istockphoto/file?id=245212286&path=photo/blaming-you-anxious-man-judged-by-different-people-pointing-fingers-at-him-negative-gm879952484-245212286&function=search&location=right&keyword=blame&page=1&sharedid=blame&getty=879952484

မိမိကြောင့် အခြားသောသူတွေ မထိခိုက်ရင် မိမိကြောင့်ပဲ မိမိကိုယ်ကိုယ်နဲ့ အခြားသောသူ မထိခိုက်ဘူးဆိုရင် မည်သူတွေက မည်သို့ပင် ပြောဆိုနေကြပါသေ စိတ်ထဲမှာ ဘာမှခံစားစရာမလိုအပ်ပါဘူး။
လူဆိုတာ တစ်ယောက်အမြင်နဲ့ တစ်ယောက်အမြင်က မတူကြတော့ သူထင်ရာသူပြောမယ် ကိုယ်ထက်ရာ ကိုယ်ပြောကြမှာပါ။
သူတို့ထင်ရာပြောခြင်းက သူတို့ရဲ့လွတ်လပ်ခွင့် ဖြစ်သလို သင့်ခေါင်းထဲ ထည့်ခြင်းမထည့်ခြင်းဟာလည်း သင့်ရဲ့လွတ်လပ်ခွင့်ပါပဲ။
အဲဒါကြောင့် သင့်ကို တိုးတက်စေမယ့် သင်ယူခွင့်ရစေမယ့် ကိစ္စမျိုးကလွဲပြီး သင့်စိတ်ကို နာကျင်စေမယ့် ဝေဖန်မှုမျိုးကို သင့်စိတ်ထဲအဝင်မခံပါနဲ့။
ဝင်လာခဲ့တလို့ သတိထားမိတာနဲ့ တခြားကောင်းတဲ့ အတွေးတစ်ခုခုနဲ့အစားထိုးလိုက်ပါ။
သင်ဘယ်တော့မှ မမေ့ရမှာကတော့ သင်လုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုကတော့ သင်ရည်မှန်းထားတာတွေဆီကိုသွားဖို့ပဲဖြစ်ဖြစ် သင့်ဘဝရဲ့ဆိုးဝါးမှုတွေကို ကျော်ဖြတ်ဖို့အတွက် အားတင်းပြီး ရှေ့ဆက်ဖို့ပါပဲ။
အဲဒီ့လို ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချပြီး ဆိုးဝါးမှုတွေကို ရှေ့ဆက်ကျော်ဖြတ်ခြင်းအတွက် သင်ဘယ်တော့မှ နောင်တရမိမှာမဟုတ်ပါဘူး။
နောင်တဆိုတာကလည်း တစ်ခုခုကို လုပ်လိုက်လို့ ဆိုတာထက် အဲ့ဒီတစ်ခုခုကို မလုပ်လိုက်ရလို့ မလုပ်မိလိုက်လေခြင်း စတာတွေကနေသည ရတက်တာပါ။
ဘာပဲဖြစ်ဖြစ် ဘဝ၌ တွေ့ရှိကြုံတွေ့သမျှ အခက်ခဲတွေကို ရင်ဆိုင်ကာ အားတင်းပြီး ကျော်ဖြတ်ရမှာပါ။

H2
H3
H4
3 columns
2 columns
1 column
3 Comments
Ecency