Stay have to try best

ဘဝမှာ မင်းမိဘဘယ်သူဖြစ်ရမယ်လို့ မင်းရွေးချယ်ခွင့်မရှိခဲ့ဘူး..
( ဒါပေမယ့် မင်းမှာရှိလာမယ့် သားသမီးအတွက်တော့ မင်းမိဘကောင်းဖြစ်အောင် ကြိုးစားခွင့်ရှိတယ် )

ဘဝမှာ ချမ်းသာတဲ့ အိမ်မှာ လူဖြစ်ခွင့်မရခဲ့ဘူး
( ဒါပေမယ့် မင်းမှာကလေးရှိလာရင် အဲကလေး ချမ်းချမ်းသာသာ နဲ့ ကြီြး့ပင်းဖို့ မင်းမှာ ကြိုးစားခွင့်ရှိတယ်)

ဘဝမှာ ပြည့်စုံတဲ့ ရုပ်ရည်ဖြစ်ချင်ပါတယ်လို့မရခဲ့ဘူး
(ဒါပေမယ့် ပြည့်စုံတဲ့ စိတ်ထားဖြူစင်တဲ့သူဖြစ်အောင်
မင်းမှာ ကြိုးစားခွင့်ရှိတယ်)

မင်းလိုချင်တာတွေ
မင်းဖြစ်ချင်တာတွေက လုံးဝမဖြစ်နိုင်တာမဟုတ်ဘူးဆိုတာ မင်းယုံကြည်ပါ
မဖြစ်လာသေးတာပါ
ဖြစ်လာအောင်လဲ မင်းပဲလုပ်နိုင်တယ်..
မဖြစ်နိင်အောင်လဲ လုပ်တာ မင်းပဲ.....

ဘဝမှာ လူရယ်လို့ ဖြစ်လာမှတော့ ဆင်းဆင်းရဲရဲ နဲ့ သေချင်လို့လား? ?
ငယ်တုန်းမှာ ကြိုးစား အောင်မြင်လာရင် ဘဝမမေ့နဲ့
ပြန်ပြီး ကိုယ့်လောက်မပြည့်စုံသူတွေကို ပေးကမ်းလှူတန်း ပြီး လူလုပ်ရတာပို ပျော်စရာ မကောင်းဘူးလား

ဘဝဆိုတာ ကံကောင်းခြင်း ကံဆိုးခြင်းဆိုတဲ့ အမြဲခေါင်းပန်းလှန်ပြီး ဖြတ်သန်းနေတဲ့ အရာ ပဲ

ကံဆိုတာ အမြဲမဆိုးနိုင်ဘူး..
ကံဆိုးတယ် ကံဆိုးတယ် ဆိုပြီး မင်းပန်းတိုင်ကို သွားတဲ့ ခြေလှမ်းကို ရပ်စရာ လုံးဝလိုဘူးနော် လုံးးးဝ!

အေး ငါကံကောင်းတယ် ဆိုပြီးတော့လဲ
ကံကို အမြဲယုံနေစရာမလိုဘူး..

မှတ်ထားရမှာက
ကံကို လူကလုပ်တာ
ဒါမှ ကံက ကိုယ့်ကို ပြန်အကျိုးပြုတာ...

မင်းယုံကြည်ရာကို ဆက်လျှောက်..
ညောင်းရင် နား ပြီးရင် နှစ်ဆ ပိုမြန်အောင်လျှောက်

လူရယ်လို့ဖြစ်လာမှတော့ မင်းပန်းတိုင်ကို အရောက်လျှောက်ပြီးမှ တန်မှာ
ရောက်အောင်သာသွားစမ်းပါ

မင်းလုပ်နိုင်ပါတယ်
မင်းလုပ်ကို လုပ်နိုင်တယ်
မင်းသာ အတော်ဆုံးပဲ....

#KSPaiz

H2
H3
H4
3 columns
2 columns
1 column
Join the conversation now