This content was deleted by the author. You can see it from Blockchain History logs.

ရဟန်းတစ်ပါးနဲ့  အမေးအဖြေ'' postများအတွက် ဖြေရှင်းချက်

''ရဟန်းတစ်ပါးက ပြောလေဟန်နဲ့  ရေးတဲ့အတွက် အများစုက ဘုန်းကြီးတစ်ယောက်ရေးတယ်
ထင်နေကြတယ်
ပါချုပ်ဆရာတော် ရေးတယ်လို့ ကို ထင်ကြသူတွေရှိတယ်
ဒီအတွက် မင်းမှာ တာဝန်မရှိဘူးလား''

''ကျနော်ရေးတဲ့စာကို ကျနော်ရေးတဲ့အတိုင်းယူသွားမယ်ဆိုရင် ဒီလိုဖြစ်စရာမရှိပါဘူး တချို့ က ပြင်ကြတယ် အထူးသဖြင့် ခေါင်းစဉ်ကို ပြင်ကြတယ်
ဒါကြောင့် ဒီလိုလွဲသွားတာပါ''

''ရဟန်းတစ်ပါးနဲ့  အမေးအဖြေ
ဆက်ရေးဖို့ ရှိသေးလား''

''ကံကတ္တား ကို ပြောင်းဖို့ လိုရင် ပြောင်းပါမယ်
လောလောဆယ်တော့ ကျနော့်က
ပြောတဲ့အနေနဲ့ ပဲ ရေးသွားတော့မယ်''

''ဗုဒ္ဓဘာသာနဲ့  ပတ်သတ်ပြီး မင်းက တော်တော်သိလား''

''Data အချက်အလက်ကို များများစားစားမသိဘူး
ဒါပေမယ့် သဘောတရား conceptကို ရှင်းရှင်းလင်းလင်း သဘောပေါက်တယ်''

''အဲ့စကားလေးကို ရှင်းပါဦး''

''သချာင်္ဟာ ကိန်းဂဏန်းကို ဆန်းစစ်တွက်ချက်ရတယ်
ဒီတော့ အခြေခံ ဂဏန်းဆယ်လုံး သုညကနေ ကိုးအထိကို data အနေနဲ့ သိထားတယ်

မေးစရာရှိလာပြီ
သုညကနေ ၅အထိပဲထားလို့ မရဘူးလား

ရမှာပါ
computerမှာတောင် (binary) ဂဏန်းနှစ်လုံးစနစ်ကို တီထွင်ထားသေးတာပဲ

အပေါင်းအနှုတ်ဟာ တီထွင်ထားတာမဟုတ်ဘူး
ဒါဟာ သဘောတရားပဲ ဒါအခြေခံအကျဆုံးသဘောတရား

အမြှောက်အစားကလည်း သဘောတရားပဲ ဒါပေမယ့် အပေါင်းအနှုတ်လောက် အခြေခံမကျတော့ဘူး
ဒါဟာ သင်္ချာ ရဲ့အခြေခံသဘောတရားတွေ

ဒီထက်နက်နဲတာတွေတစ်ပုံကြီး ရှိသေးတယ် ကျနော်မသိတဲ့ အပိုင်းတွေပေါ့
ဒါပေမယ့် သချာင်္ကို ကျနော်က အခြေခံကျကျသဘောပေါက်တယ်

ဥပမာ အင်္ဂါနဲ့  သောကြာပေါင်းရင် ဘယ်လောက်ရလဲဆိုတဲ့မေးခွန်းမျိုး ဟာ
သင်္ချာသက်သက်မဟုတ်တော့ဘူး
အင်္ဂါဟာ ၃ကို ကိုယ်စားပြုတယ်
သောကြာဟာ ၆ကို ကိုယ်စားပြုတယ်
ဒီတော့ အဖြေက ကိုးရတယ်
နိုင်ငံခြားက သင်္ချာပညာရှင်ကို ဒီမေးခွန်းသွားမေးရင် သူသိမှာမဟုတ်ဘူး
ဘာကြောင့်လဲဆိုတော့ ဒါသင်္ချာမစစ်လို့ ...

အလားတူပဲ
ဗုဒ္ဓဘာသာရဲ့ အခြေခံမူဟာ ဝေဖန်ပိုငိးခြားခြင်းပေါ့
ဗုဒ္ဓဝါဒထက် ဝိဘဇ္ဇဝါဒဆို ပိုမှန်မယ်ထင်တယ်
သိဒ္ဓတ္ထဟာ ဗုဒ္ဓမဖြစ်ခင်မှာ ဝိဘဇ္ဇနည်းနဲ့  ကျင့်သုံးခဲ့တာ

ဗုဒ္ဓဘာသာမှန်ရင် ဘုရားကို လက်ယာရစ်ပတ်ဆိုတဲ့အဆိုကို ကျနော်ကငြင်းတယ်
လက်ယာရစ်ပတ်ရခြင်းရဲ့
history back groundတစ်ခု ရှိလိမ့်မယ်
ကျနော်မသိဘူးပဲထား...
လက်ဝဲရစ်ပတ်မိရင် ကျနော်မှားပြီလား

အဲ့လိုမဟုတ်ဘူး လက်ယာရစ်ပတ်တဲ့ စနစ်လေးကို အားလုံးညီတူ ကျင့်သုံးလိုက်တယ်
ဘုရားမှာ လူသိပ်များတဲ့အခါ လက်ယာလက်ဝဲမတူရင် လူတွေပိတ်နေမှာ

လူမများခဲ့ရင်တော့ အဆင်ပြေသလိုပတ်မယ်
ဘုရားဖူးရခြင်း ရှိခိုးရခြင်းဟာ ရည်ရွယ်ချက်ရှိတယ်

ကုသိုလ်ရချင်လို့ ပါလို့  ခပ်လွယ်လွယ် မဖြေချင်ဘူး
ဒါဟာ ဗုဒ္ဓနုဿ တိဘာဝနာသဘော လည်းဖြစ်တယ်
မြင့်မြတ်သူကို အရိုအသေပြုလိုတဲ့
ဂါရဝသဘောလည်းဖြစ်တယ်
ကိုယ့်ကိုယ်ကို နှိမ့်ချတဲ့ နိဝါတ သဘောလည်းဖြစ်တယ်
ဂါရဝနဲ့ နိဝါတဟာ ထောင်လွှားတတ်သော မာနကိလေသာကို
လျော့ပါးစေတယ်
ဗုဒ္ဓကို အာရုံပြုဆဲအခြေအနေမှာ စိတ်ဟာ တည်ငြိမ်တယ်
ပူပင်စရာ ဒေါသကိလေသာလည်း ရှိမနေသလို တစ်ခုခုကို တပ်မတ်နေတဲ့ လောဘကိလေသာလည်း ခေတ္တကင်းနေတယ်
စိတ်ပျံ့ လွင့်ခြင်း တွေဝေမှိုင်ငေးခြင်း
ထိန ဥဒိစ္စ စတဲ့ မောဟကိလေသာလည်း ကင်းနေတယ်
sorryကင်းတာမဟုတ်ဘူး ငြိမ်နေတာ
ဒါဟာ သမာဓိသဘောပေါ့

ဒါဟာ ဘုရားကို အာရုံပြု ဆဲကာလမှာ
ရတဲ့အကျိုးတရားတွေ

ဟုတ်ပြီ အများစုက ဘုရားရှိခိုးပြီးရင် ဘာရပါလို၏ ညာရပါလို၏ ဆုတောင်းကြပြန်ရော...
မေးခွန်းထုတ်ချင်တာက ဘယ်လို စိတ်နဲ့  ဆုတောင်းသလဲဆိုတာပဲ

လောဘသက်သက်နဲ့  ရလိုတာလား
ဝီရိယ လုံ့ လ စိုက်ထုတ်လိုမှု အကြောင်းတရား(Effort)မပါပဲ ရယူမှု (achievement)ကို စိတ်ကူးယဉ်နေသလိုပဲ

ဒါဆို ဆုတောင်းတဲ့ ရည်ရွယ်ချက်က ဘာလဲ..
ရယူနိုင်စွမ်းရှိဖို့  ခွန်အားတွေကို လှုပ်နိုးတာ
တနည်းအားဖြင့် ဝစီဒုစရိုက်ကင်းစင်သော ဝစီသုစရိုက်ပြည့်ဝသော ဗုဒ္ဓထံမှာ ကတိပေးလိုက်တာမျိုး

ချမ်းသာရပါလို၏ ဆိုတာချမ်းသာအောင်ကြိုးစားမယ်ဆိုတဲ့သဘောပဲ...
ကတိတစ်ခုပေးတယ်
တည်နိုင်ရင် ဒါဟာ အဓိဋ္ဌာန်သဘောဖြစ်လို့  သမာဝါစာ

မတည်ခဲ့ရင် လိမ်တဲ့သဘောဖြစ်သွားလို့  မုသာဝါစာ..

ဒီကတိကို ဘုရားက အတင်းမပေးခိုင်းဘူး
ကိုယ့်သဘောနဲ့ ကိုယ်ပေးတာ
တည်နိုင်အောင် ကြိုးစားတာ သိပ်ကောင်းတယ်
ဒါဟာ ဆုတောင်းရခြင်းရဲ့ ရည်ရွယ်ချက်ပဲ

ပြောလိုတာက လုပ်ရပ်တိုင်းမှာ ရည်ရွယိချက်ရှိတယ်
ရည်ရွယ်ချက်မရှိရင် ဒါဟာ
လုပ်ရပ်မဟုတ်တော့ဘူး
ဖြစ်ရပ်လို့  သတ်မှတ်ရမယ်

ကိုယ်အသစ်ဖောက်မှာလား
traditionalနောက်ကို လိုက်မှာလား
traditionalနောက်ကို လိုက်မယ်ဆိုရင်
ဆန်းစစ်ဖို့  သိပ်လိုအပ်တယ်

ရေစုန်မှာ လှော်တဲ့ လှေဟာ သိပ်အားစိုက်စရာတော့မလိုဘူး
ဒါပေမယ့် ပဲ့လိုတော့ ထိန်းကျောင်းတတ်ရမယ်
ကိုယ်က လိုက်မျှောနေရုံဆို ဒါဟာ
လှေနဲ့ မတူတော့ဘူး
ရေမှာမြောတဲ့ သစ်တုံးလို ဖြစ်နေမှာ
ရိုးရာဟာ စုန်ရေလိုပဲ ကျနော်တို့ ဘယ်လို မျှောကြမလဲ

ပန်းတိုင်ဆိုတာ မတော်တဆရောက်တတ်တာမျိုး မဟုတ်ဘူး
လျှောက်မယ့်ခြေလှမ်းရှိရတယ်
ဒါဟာ သဒ္ဓါ ဝီရိယ

လျှောက်မယ့်ခြေလှမ်းကို ထိန်းကျောင်းမယ့် ဥာဏ်ရည်ရှိရတယ်
ဒါဟာ ပညာ...

ပညာမဲ့တော့ အကန်းနဲ့ တူတယ်
သဒ္ဓါမဲ့တော့ အကျိုးနဲ့ တူတယ်တဲ့

သဒ္ဓါပညာမျှရတယ်

ပစ္စည်းတစ်ခုကို အသုံးမပြုခင်မှာဒီပစ္စည်းက ဘာဆိုတာကို သိရတယ်
သိဖို့ လည်း ဆန်းစစ်ရတယ်
သိမှ သုံးရတယ်
ဆန်းစစ်တာဟာပညာ
သုံးတာဟာ သဒ္ဓါ

ဥပမာပေါ့
ဘုရားကို ရွှေကပ်ရင် ကုသိုလ်ရတယ်ထင်ကြတယ်

ရွှေကပ်ရခြင်း ရည်ရွယ်ချက်ဟာ စေတီ ဆင်းတုကို ပိုသပ္ပာယ်စေမယ်ဆိုကပ်လိုက်

ဗိုက်ပြည့်နေတဲ့လူကို ကုသိုလ်ရအောင်ဆိုပြီး ထမင်းဆွတ်မကျွေးနဲ့ ပေါ့

ရွှေကပ်ရခြင်းရည်ရွယ်ချက်ဟာ မှားလာတယ်
ဘုရားကို သပ္ပာယ်အောင်မဟုတ်တော့ဘူး
သူ့ ဖာသာရွှေကြီးနဲ့  ဖုဖောင်းနေပါစေ ငါရွှေကပ်ရပြီးရောလို့  မတွေးသင့်ဘူး

ရည်မှန်းစေတီဖြစ်တဲ့အတွက် ဆင်းတုရဲ့ အသွင်အပြင်ပျောက်ပြီး ရွှေလုံးကြီးဖြစ်သွားတာ ဝမ်းနည်းစရာပဲ
ဥပမာ ဖောင်တော်ဦးဘုရားပေါ့

မူလမျက်နှာတော်ကို နှောင်းလူတွေ မြင်ခွင့်မရတော့ဘူး
ဒါဟာ ကုသိုလ်အမှုဆိုတာထက်
ဖျက်စီးလိုက်သလိုပဲ

သဒ္ဓါသာရှိပြီး ပညာမရှိတဲ့ လုပ်ရပ်မျိုး ပေါ့...
သူတို့ သဒ္ဓါကို ဦးညွှတ်လိုသိ တိုင်
သူတို့  အမြှော်အမြင်ပညာကို
ရှုံ့ ချတယ်

ဒါကြောင့် ဘုရားဆိုရွှေကပ်ရမယ်ဆိုတဲ့ မူကို ကျနေိာကမသုံးဘူး
ကပ်မယ့်ရွှေသင်္ကန်းတွေ အလှုခံပုံးထဲ ထည့်ပစ်ခဲ့တယ်

ဘုရားကို ရွှေဝိုင်းဖို့ သူထဲ ကျနော်မပါချင်ဘူး
ဗုဒ္ဓဘာသာဟာ ရွှေကိုကိုးကွယ်တဲ့ ဘာသာမဟုတ်ဘူးလေ
ဓမ္မကို ကိုးကွယ်တာ
အမှန်တရားကို ကိုးကွယ်တာ

ဗုဒ္ဓကတောင် ဓမ္မကို ပြန်ကိုးကွယ်နေတာပဲ''

''မင်းစကားနဲ့ မင်းတော့ ဟုတ်နေတာပဲ''
image

''ဟုတ်ကဲ့ ယုံချင်မှယုံပါ ဆန်းစစ်ဖို့ က အစ်ကို့ တာဝန်လေ''
writer by@gold-mm