Armer help

19.1.2018 ရက်နေ့ကပေါ့

တပ်မှူးက ဆေးဗိုလ်ကြီး မဆရ ၆ ဆေးထုတ်သွားမှာမလား။အစ်ကိုလည်း တပ်မမှာ အစည်းအဝေး သွားရမှာ တစ်ခါတည်းလိုက်ခဲ့လိုက်။ ၁၀ နာရီလောက်စထွက်မယ်။ဆေးထုတ်ဖို့ မြွေအရေခွံအိတ် ၂လုံး နဲ့ လိုအပ်တဲ့ စာရွက်စာတမ်းတွေယူပြီး တပ်မှူးကားနဲ့ တပ်ကထွက်ခဲ့တယ်။ ပြည်လမ်းပေါ်ရောက်တော့ ရုတ်တရက် ကားက ဥတိုဘက်လှည့်သွားတယ်။ ဘာကိစ္စ ရှိ လို့ပါလိမ့်ပေါ့ စိတ်ထဲတွေးလိုက်တယ်။ ကံကုန်းရွာ အကျော်ရောက်တော့ ကားလမ်းမ ဘယ်ဘက်ခြမ်းမှာ ကြံတိုင်းအောင် express က လမ်းမဘယ်ဘက်ကို ထိုးဆင်းနေတယ်။ ဘေးချင်းယှဉ် လျက်မှာ ခွေးဘီလူး အမျိုးအစားကားလေး တစ်စီး ပါ ထိုးကျနေတယ်။ တပ်နီးခြင်း ၃၀၁၈ က တပ်မှူး ကိုလည်းတွေ့လိုက်ရတယ်။ သူတို့လည်း အစည်းအဝေးသွားရင်း လမ်းမှာရုတ်တရက်ကြုံတာထင်တယ်။ ဆေးဗိုလ်ကြီး ညီးလေး ဆင်းကြည့်လိုက်အုံး။
စိတ်ထဲမှာ စတွေ့တွေ့ ချင်းတွေးမိတာက triage ။ လက်ထဲမှာက လက်ဗလာ ဘာပစ္စည်းမှမပါ။ ဆေးရုံအမြန်ပို့ဖို့အရေးကြီးသည်။ကားပေါ်က ဆင်းတော့ ကားတွေကြည့်လိုက်မိတယ်။ ကား၂ဆင်းလုံး ညာဘက်ခေါင်းခြမ်းတွေကြေနေတယ်။ဆရာဝန်လာပြီ ဆိုတော့အားလုံးက ရှဲသွားကြပြီး ဆရာဝန်လာပြီကောင်းသွားမှာပါ ဘာမှစိတ်မပူတဲ့နော် ဆိုတဲ့အသံလဲကြားလိုက်ရတယ်။ဘယ်အချိန်ကဖြစ်တာလဲဆိုတော့ လူတစ်ယောက်က လွန်ခဲ့တဲ့ ၁၀ မိနစ်လောက်ကမှ တိုက်မိကြောင်းပြောပြတယ်။ ကားလေး ခေါင်းခန်းမှာ လူ၂ယောက် ၊ကားနောက်ခန်းကြည့်တော့ ကားကတော့ သိပ်မထိခိုက်ပေမယ့် လူ၎ ယောက်ကတော့ ပုံစံတွေမမှန်ဘူး။ ကားကြီးကြည့်လိုက်တော့ ခေါင်းညာဘက်ကြေသွားတာကလွဲလို့ သိပ်မထိခိုက်။
ပထမဆုံး ကားလေး ခေါင်းခန်းကိုသွားလိုက်တယ် ။ဒရိုင်ဘာဘက်ခြမ်းကကြေပြီးညှပ်နေတော့ ဘေးခုံက လူကိုအရင်ထုတ်ဖို့ဆုံးဖြတ်လိုက်တယ်။ မျက်နှာ ညာဘက်ခြမ်းတစ်ခုလုံး သွေးတွေနဲ့ ၊အစ်ကိုအစ်ကို မျက်လုံးဖွင့်လို့ရလား ...ဘယ်ဘက်မျက်လုံးပွင့်လာတယ် ။ညာဘက်ကရော ....ညာဘက်ကတော့ မဖွင့်နိုင်ဘူးခင်ဗျ။ ခေါင်းကိုထိသေးလား .......ဟုတ်ကဲ့မထိဘူးခင်ဗျ။ ရင်ဘက်ရော အောင့်လား ၊အသက်ရှုရခက်လား? ရင်ဘက်က နည်းနည်းအောင့်တယ် အသက်တော့ရှုရမခက်ဘူး။ ဘယ်နေရာတွေထိသေးလဲ၊ခြေတွေလက်တွေရော ထိမိသေးလား ?လှုပ်လို့ရောရလား ? မထိမိဘူးခင်ဗျ ၊လှုပ်လို့ရတယ်။ သတိမေ့သွားသေးလား ?မမေ့ပါဘူး ခင်ဗျ။gcs တော့မဆိုးဘူး ပြောရမယ်။ ချက်ချင်း ကားပေါ်ကနေထုတ်လိုက်တယ်။ အဝတ်တစ်ခုတောင်းလိုက်တော့ လူတစ်ယောက်က ပဝါအထူတစ်ထည်လာပေးတယ်။ ချက်ချင်း ညာဘက် ခြမ်းကိုအဝတ်နဲ့ဖိပြီး ကြည့်တယ်။ ကံကောင်းလိုက်တာ မျက်ခုံ အပေါ် ကပ်လျက် (3×4)cmလောက်ကွဲသွားတယ်။မျက်စိကိုတော့ မထိလောက်ဘူး။ သွေးတိတ်အောင် အဝတ်နဲ့ဖိပေးထားလိုက်ပြီး ကားဒရိုင်ဘာကိုထုတ်ဖို့လုပ်တယ်။ ခန္ဓာကိုယ် အောက်ပိုင်းတစ်ခြမ်းလုံး ကားနဲ့ညပ်နေတယ်။ခါးပတ်ပတ်ထားတယ်။ အစ်ကိုအစ်ကို...လူကိုလှုပ်ပြီးခေါ်တယ် မထူးဘူး။ လက်က သွေးခုန်နှုန်း စမ်းလိုက်တယ်၊ လုံးဝမမိဘူး။ ရင်ထိတ်သွားတယ်။ carotid pulse ထပ်စမ်းတယ် ၊မမိဘူး။လက်ကို နှာခေါင်းနားထားပြီး အသက်ရှု မရှု စမ်းတယ် ....မရဘူး။မျက်လုံး သူငယ်အိမ်ကြည့်လိုက်တော့သူငယ်အိမ်ကျယ်နေပြီ။ စိတ်မကောင်းစရာပဲ ပွဲခြင်းပြီး ဆုံးသွားရော။
တပ်မှူးကလည်း သက်ဆိုင်ရာတွေဖုံးဆက်ပြီး လူနာတင်ကား ခေါ်နေသံတော့ကြားရတယ်။တပ်မှူးက ဆေးဗိုလ်ကြီး.... အစ်ကိုတို့ လူနာတင်ကား မလာခင် တပ်ကကားနဲ့ပဲ ဆေးရုံခေါ်သွားမယ်၊ဘယ်လူနာတွေခေါ်မလဲဆေးဗိုလ်ကြီးဆုံးဖြတ်။
ကိုယ်တွေ ကားက ဟိုင်းလတ်ဆိုတော့ လူနာတင်ဖို့က အကန့်အသတ်ရှိသည်။၊အဲ့တော့ လူနာတွေ group ခွဲပြီး အရေးကြီးတဲ့လူနာကိုအရင်ခေါ်သွားမှရမည်။အချိန်ကလည်း အရေးကြီးတော့ မြန်မြန် နဲ့မလွတ်အောင်လူနာတွေကြည့်မှဖြစ်မည်။
ကားနောက်ခန်းသွားတော့ ကလေးမလေး ၂ ယောက်နဲ့ အသက် ခပ်လတ်လတ် အမျိုးသမီး ၂ယောက်။
ပထမဆုံး ကလေးမလေးကြည့်လိုက်တယ်။ အသက်၁၃ နှစ်လောက် ။ ညာဘက်ဒူး ကွေးထားတယ်၊ဘယ်ဘက်ဒူးမှာ ပွန်းရာတွေနဲ့ ဒူးကိုဆန့်ထားတယ်။ထမင်းလုံးတွေက ခြေထောက်မှာကပ်နေတယ်။အရမ်းကြောက်နေပြီး တစ်ကိုယ်လုံးတုန်နေတယ်။ မျက်နှာမှာလည်း သွေးတွေခြောက်နေတယ် ။ ဒါဏ်ရာတော့မတွေ့ဘူး။ ညီမလေး စိတ်အေးအေးထားနော် မကြောက်တော့နဲ့။ခေါင်းမှာ ထိခိုက်ထားသေးလား...မထိဘူးရှင့်။ ရင်ဘက်တွေရော ထိသေးလား ၊ ရင်ဘက်တွေအောင့်သေးလား.....မထိဘူး၊ မအောင့်ဘူးရှင့်။အသက်ရှုရခက်လား...မခက်ဘူးရှင့်။လက်တွေရောလှုပ်လို့ရလားထိသေးလား.......မထိဘူး လှုပ်လို့ရတယ်ရှင့်။ညာဘက်ခြေထောက်ရော ....လှုပ်လို့ရတယ်ရှင့်။ ဘယ်ဘက် ကြည့်လိုက်တော့ ဒူးအပေါ်ပိုင်း က ရောင်နေသည်။ ဘယ်ဘက်ကတော့ လှုပ်လို့မရဘူးရှင့်။ကျန်တဲ့နေရာတွေထိမိသေးလားမေးတော့ မထိမိဘူးလို့ပြောတယ်။
သူ့ဘေးမှာက အသက်၄၀ ပတ်ဝန်းကျင်အမျိုးသမီးကြီး .....ခေါင်းမှာက ၁လက်မပတ်လည်လောက် ထိထားတယ်။ ရင်ဘက်ကလဲအောင့်ပြီး အသက်ရှုကျပ်နေတယ်။ ခြေတွေလက်တွေထိခိုက်မှုတော့မရှိဘူး။သတိမေ့သွားလားမေးတော့ မမေ့ဘူးလို့တော့ပြောတယ်။ ခေါင်းတော့မူးနေတယ်။ ပါးစပ်ကတော့ စကားတွေ တစ်တွတ်တွတ်ရွတ်နေတယ်။ မျက်လုံးကတော့ပိတ်ထားပြီးဖွင့်ခိုင်းလျင်ဖွင့်တယ်။ခြေလက်တွေကတော့ လှုပ်ရှားလို့ရတယ်။
နောက်တစ်ယောက်က အသက် ၁၅၊၁၆ အရွယ် မိန်းကလေး ပြင်ပ ထိခိုက်ဒါဏ်ရာမရှိ။ ရင်ဘက် အရမ်းအောင့်နေပြီး အသက်ရှုရ ခက်နေသည်၊ လည်ပင်းက လည်းနာနေသည်။ခြေလက်တွေက လှုပ်လို့ရသည်။အရမ်းကြောက်၍ငိုနေလို့ ဖြောင်းဖြပေးရသေးတယ်။ပတ်လက်လန်နေခိုင်းပြီး ခေါင်းကို လုံးဝမလှုပ်ဖို့ပြောလိုက်သည်။
နောက်တစ်ယောက်က အသက် ၄၀ပတ်ဝန်းကျင် အမျိုးသမီး ကားပေါ်မှာ ကွေးကွေးလေး လုံးဝမထ။ ပြင်ပ ဒါဏ်ရာ လုံးဝမရှိ,။ ရင်ဘက်က အရမ်းအောင့်၍ အသက်ရှုရ ခက်နေသည်။ ခြေလက်တွေလည်း လှုပ်လို့ရသည်။သတိလည်း ကောင်းသည်။
Express ကားပေါ်မှာရောထိမိတဲ့သူရှိမရှိလိုက်ကြည့်တော့အများစုက အထိအခိုက်မရှိ ။ အသက် ၃၅ပတ်ဝန်းကျင် ယောက်ျားလေးတစ်ယောက်ကတော့ နဖူးပေါက်သွားသည်။သတိကတော့ မပြတ်။ ခြေလက်တွေက လှုပ်ရှားလို့ရသည်။ တစ်ခြားထိခိုက်ဒါဏ်ရာနရှိ။
ဒါနဲ့ လူနာ ၆ ယောက်နှင့် ထိုလူနာထိန်းဖို့ ကျွန်တော်အပါအဝင် လူ ၄ယောက်က ကားနောက်ခန်းမှာလိုက်ပြီး တပ်မှူးကိုယ်တိုင်ကားမောင်းကာ တိုက်ကြီးဆေးရုံသို့ အချိန်မှီပို့ပေးခဲ့သည်။
ဆေးရုံရောက်တော့ ဆေးရုံ ပြင်ပလူနာဌာန က တာဝန်ကျဆရာဝန်ထံ လူနာတွေအကြောင်းသေခြာရှင်းပြ၍ အပ်ခဲ့သည်။ sprit လေးတောင်းပြီး မိမိလက်မှ သွေးများကို ဆေးရုံရောက်မှသုတ်ရသည်၊ယူနီဖောင်း မှာလည်းသွေးတို့က ခြောက်နေသည်။Duty MO မှ လိုအပ်သော management များဆက်လက်လုပ်ဆောင်နေပြီးစိတ်ချရတော့ ကိုယ်တွေလည်း ဆေးရုံမှထွက်ခဲ့သည်။
ဆေးရုံအပြန်လမ်းမှာ တပ်မှူးမှာလည်း အစည်းအဝေးနောက်ကျ ကိုယ်တွေလည်း ဆေးထုတ်တာနောက်ကျ နေပေမယ့် မမျော်လင့်ပဲရလာတဲ့ ကောင်းမှူ တစ်ခုအတွက်ပီတိတော့ဖြစ်မိသည်။FB_IMG_1516774119986.jpgFB_IMG_1516774111877.jpg

H2
H3
H4
3 columns
2 columns
1 column
Join the conversation now