စက်မှုလယ်ယာ ပြည်ချမ်းသာ

မင်္ဂလာပါ

ခေတ်တွေ ကတော့ တဖြည်းဖြည်း ပြောင်းလဲလို့
နေပါတယ်။
အပြောင်းအလဲ နှင့်အတူ မိမိတို့သည်လည်း လိုက်လျော
ညီထွေ ရှိပါမှ တိုးတတ် ဖွံ့ဖြိုး ကြရပေမည်။

ခုဆို ကျွန်တော်တို့ မြန်မာနိုင်ငံ သည်လည်း လက်မှု
လယ်ယာ မှ စက်မှုလယ်ယာ သို့ တဖြည်းဖြည်း တအိအိ
ပြောင်းလဲလာနေပါတယ်။

လယ်ယာ ထွန်ယတ် ရာမှာ ယခင်က ကျွဲနွားများ
အသုံးပြုခဲ့ကြသော်လည်း ခုအခါ စက်ဖြင့် ထွန်ယတ်
ခြင်းများ များစွာ လုပ်ဆောင်လာကြပါပြီ။

ရိတ်သိမ်း ရာမှာလည်း လူတွေ တံဇဉ်ကိုင်ကာ ရိတ်သိမ်း
ခဲ့ကြရာမှ စက်ဖြင့် ရိတ်သိမ်း ခြွေလှေ့ တပြိုင်တည်း
လုပ်ဆောင်လာနေကြပါတယ်။

သို့အတူ လယ်ယာမြေများကို စက်ကြီးများ ဖြင့်
လုပ်ဆောင်ရ လွယ်ကူ လျှင်မြန်စေရန် လယ်ယာကွက်
အကြီးများ ဖော်ဆောင် သကဲ့သို့ လမ်းကြောင်းများကိုပါ
လယ်ယာလမ်း အဖြစ် ထပ်မံ ဖောက်လုပ်လာကြပါတယ်။
img_0.7591652514856413.jpg
ယခု ပုံမှာ ဂျပန် အကူအညီတစ်ခု ဖြစ်သော JICA ၏
ပံ့ပိုးမှုဖြင့် စက်မှုလယ်ယာ ဖော်ဆောင်မှု ပြယုဒ် တစ်ခုပုံပါ။
ထန်းလုံးတွေ ပေါ်မှာ စာစီထား‌တာတော့ သဘာဝ
ကို အသုံးပြုထားတာမို့ လှလှပါပေတယ်ဗျာ။
img_0.4479023268181042.jpg
ကဲ စက်မှုလယ်ယာ ဖြင့် ခေတ်မီ ဖွံ့ဖြိုး တိုးတတ်သော
ရွှေနိုင်ငံကြီး ဆီသို့ သွားကြပါစို့ဗျာ။

@golden.future

H2
H3
H4
3 columns
2 columns
1 column
10 Comments
Ecency