ကျွန်တော် မနှစ်ကစစ်ကိုင်းနားက အမျိုးတေဆီသို့ အလယ်သွားရင်း ကျွန်တော်၏ တစ်ဝမ်းကွဲညီကိုတစ်ယောက်နှင့်အတူ ကျာက်စိမ်းဘုရားကိုသွားရောက် ဖူးမျှော်ခဲ့ပါသည်။ ကျနော်အလယ်သွားခဲ့သောနေရာမှာ စစ်ကိုင်းမြို့နှင့်နီးသော ဆင်တပ်ဟူသောကျေးရွာလေးဖြစ်ပါသည်။
စစ်ကိုင်းတိုးဂိတ်အကျော်လေးတွင် ကံတလူဘုရားမုခ်ဦးကို တွေ့မြင်နိုင်ပါသည်။ ထိုမုခ်ဦးထဲသို့ဝင်သွားပါ ကံတလူဆုတောင်းပြည့်ဘုရားကို ဖူးမျှော်နိုင်ပါသည်။ ကံတလူဘုရားဝင်း၏ အနောက်ဘက်ဘေးနားတွင် ကျောက်ခင်းမြေနီလမ်းကလေးတစ်ခု ရှိပါသည်။ ထိုလမ်းအတိုင်းဆက်သွားပါက ကျနော်အမျိုးတေနေထိုင်လျက်ရှိသော ဆင်တပ်ရွာသို့ရောက်ရှိမည်ဖြစ်ပါသည်။ ဆင်တပ်ရွာသည်အိမ်ခြေ ၅၀၀ကျော်ရှိသောရွာကြီးတစ်ရွာဖြစ်သည်။ထိုရွာတွင်နေထိုင်ကြသူများသည် အသက်မွေးဝမ်းကြောင်းအတွက် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။လယ်ယာလုပ်ငန်းအပြင် ရက်ကန်းခတ်ခြင်း ကျောက်ပုတီးစေ့ဖြတ်ခြင်း ကျောက်ပန်းပုဆွဲပြားများပြုလုပ်ခြင်း အစရှိသောတစ်နိုင်တစ်ပိုင်လုပ်ငန်းများကိုလည်းလုပ်ကိုင်ကြသည်။
ကျနော်အလယ်ရောက်သွားသောအခါ ကျွန်တော့်ညီတစ်ဝမ်းကွဲက ညနေခင်းအလုပ်အားချိန်တွင် ကျနော်ကို"ဝေရောစနကျောက်စိမ်းစေတီတော်"သို့ ဘုရာဖူးရန် ဆိုင်ကယ်ဖြင့်လိုက်ပို့ပေးပါသည်။ဆိုင်ကယ်ဖြင့်နာရီဝက်ကျော်ခန့်မောင်းနှင်ပြီးနောက် ကျောက်စိမ်းဘုရားသို့ရောက်ရှိပါသည်။ဘုရားဝတ်ပြုပြီးနောက် ဓါတ်ပုံရိုက်ကြပါသည်။ ကျနော်ရိုက်ထားသော ဓါတ်ပံအချို့ကို ကြည်ရှုခံစားနိုင်ရန် ဖော်ပြပးလိုက်ပါသည်။