Health

yehtetaung(47)
Published in
#msu
Words
155
Reading
1 min
Listen
Play
8y

ရင်ပူခြင်း ကင်းဝေးစေဖို့

ညဘက်ကောင်းကောင်းအိပ်မပျော်ဘဲရင်ပူတဲ့ဝေဒနာခံစားနေရတယ်ဆိုရင်တော့ဒီနည်းလမ်းကောင်း
လေးတွေကို လုပ်ကြည့်နိုင်ပါတယ်။

(၁) ကျောကို ၃၅ ဒီဂရီလောက် မတ်မတ်ထားအိပ်ပါ

ပက်လက်လှဲအိပ်ခြင်းဖြင့် အစာအိမ်ထဲက အက်ဆစ်တွေက အစာပြွန်ထဲကို ပြန်ကန်ထွက်လာစေပါတယ်။ အက်ဆစ်တွေ အောက်ကိုပြန်ကျစေဖို့အတွက် ကျောကို ၃၅ ဒီဂရီလောက် မတ်မတ်ထားအိပ်ဖို့လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက် ခုတင်ခေါင်းရင်းကို 6 လက်မလောက် မြှင့်ထားပေးရင် ရပါပြီ။ ဘယ်ဘက်ကို စောင်းအိပ်ခြင်းအားဖြင့်လည်း အစာချေခြင်းကို အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

(၂) ညစာ စောစောစားပါ

အစာအိမ်ထဲမှာ အစာအပြည့်နဲ့ ညအိပ်ခြင်းက ညဘက်ရင်ပူခြင်းကို ပိုဖြစ်စေပါတယ်။ အစာအိမ်ထဲမှာ အစာတွေ ပြည့်နေခြင်းကြောင့် အစာအိမ်ထိပ်ကို ဖိအားသက်ရောက်စေပြီး အက်ဆစ်တွေက အစာပြွန်အပြင်ကို ကန်ထွက်လာစေပါတယ်။ ဒါကြောင့် အိပ်ရာမဝင်မီ အနည်းဆုံး နှစ်နာရီသုံးနာရီခန့်ခွာပြီး ညစာစားပါ။ ညစာ စောစောစားပြီး ညဘက်မှာ သရေစာ ထပ်မစားပါနဲ့။

(၃) ချောကလက်နဲ့ ချောကလက်ပါတဲ့ အစားအစာတွေ၊ ကော်ဖီတွေကို ရှောင်ပါ

ညစာစားပြီး ဒါတွေစားခြင်းက ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။ ညဘက်မစားသင့်တဲ့ အခြားအစားအစာတွေကတော့ အချဉ်ဓာတ်ပါသောအသီးများ၊ ကြက်သွန်နီ၊ အမြှုပ်ထွက်သောအရည်များ၊ အဆီများသော၊ စပ်သောအစားအစာများ ဖြစ်ကြပါတယ်။ နောက်ပြီး ကြော်ထားတဲ့အစားအစာတွေ စားမယ့်အစား အပြုတ်တွေစားပါ။

(၄) ညအိပ်ရာမဝင်မီ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့

ညဘက်အိပ်ရာမဝင်မီ လေ့ကျင့်ခန်း ပြင်းထန်စွာလုပ်ခြင်းက ရင်ပူစေပါတယ်။ ညစာစားပြီး လမ်းအနည်းငယ်လျှောက်ခြင်းနဲ့ အစာချေချိန် ပေးခြင်းဖြင့် ရင်ပူခြင်းကို သက်သာစေနိုင်ပါတယ်။

(၅) ညစာ အလွန်အကျွံ မစားပါနဲ့

အစား အများကြီးစားခြင်းက ရင်ပူခြင်းကို ပိုဆိုးစေပါတယ်။ ဒါကြောင့် နည်းနည်းနဲ့ မကြာခဏ စားပေးပါ။ ဗိုက်မပြည့်ခင်မှာ အစာစားတာကို ရပ်လိုက်ပါ။ ဒါက ညဘက်ရင်ပူတာကို သက်သာစေပြီး ကိုယ်အလေးချိန် ထိန်းဖို့အတွက်လည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။

(၆) ညဘက် အရက်မသောက်ပါနဲ့

အရက်အမျိုးအစားတိုင်းက ရင်ပူစေပါတယ်။ ဒါ့ကြောင့် တတ်နိုင်သမျှ လျှော့သောက်ပါ။ ညဘက် အရက်သောက်ပြီး ရင်ပူတတ်ရင် ဘီယာ၊ ဝိုင်ကို ညစာနဲ့အတူ ဖြည်းဖြည်းချင်းသောက်ပါ။ ညစာစားပြီးရင် ထပ်မသောက်ပါနဲ့တော့။

(၇) ပီကေဝါးပါ

သုတေသနတွေအရ ပူရှိန်းနဲ့ သကြားမပါတဲ့ ပီကေကို ထမင်းစားပြီး နာရီဝက်ခန့် ဝါးပေးခြင်းဖြင့် ရင်ပူခြင်းကို သက်သာစေနိုင်တယ်လို့ တွေ့ရှိရပါတယ်။ ပီကေဝါးခြင်းကြောင့် တံတွေး ခဏခဏမျိုချစေပြီး အက်ဆစ်ပြင်းအား လျော့သွားစေခြင်းကြောင့် ဖြစ်ပါတယ်။

MSU..033
Written...yehtetaung@yehtetaung
Photo..google