Arduino Project #1

threemm(42)
Published in
#esteem
Words
280
Reading
2 min
Listen
Play
9y

Arduino & PIR Lighting System

image

PIR Motion Sensor သုံးပြီး လူဝင်လာရင် မီးလင်းပြီး၊ လှုပ်ရှားမှုမရှိတာ 20 s ကြာရင် မီးပြန်ပိတ်ပေးတဲ့ project လေးပါ။

အသုံးပြုထားတဲ့ ပစ္စည်းတွေက —

(၁) Arduino Pro Mini

(၂) PIR Motion Sensor

(၃) 3 Digit 7 Segment LED

(၄) IR Receiver

(၅) 1 Channel Relay Module

(၆) Pilot LED

(၇) Push Button × 4

(၈) 220Ω Resistor × 4

(၉) 10KΩ Resistor × 4

ဖြစ်ပါတယ်။

လုပ်ဆောင်ပေးနိုင်တဲ့ feature တွေကတော့ —

(၁) Default အနေနဲ့ လှုပ်ရှားမှုမရှိတာ 20 s ကြာရင် မီးပြန်ပတ်ပေးပါတယ်။

(၂) Up Button သို့မဟုတ် Remote Control မှ Plus (+) ကို နှိပ်ပြီး မီးဖွင့်ကြာချိန်ကို တိုးလို့ ရပါတယ်။

(၃) Down Button သို့မဟုတ် Remote Control မှ Minus (-) ကို နှိပ်ပြီး မီးဖွင့်ကြာချိန်ကို လျော့လို့ ရပါတယ်။

(၄) On/Off Button သို့မဟုတ် Remote Control မှ Play ကို နှိပ်ပြီး PIR Motion Sensor ကို မသုံးဘဲ မီးအဖွင့်/အပိတ် လုပ်လို့ ရပါတယ်။ ညဦးပိုင်း မိမိတို့ မအိပ်ခင်မှာ ဒီ feature ကို အသုံးပြုပြီး မီးဖွင့်ထားလို့ ရပါတယ်။ အိပ်တော့မယ်ဆိုမှ Push Button သို့မဟုတ် Remote Control ကို အသုံးပြုပြီး Motion Sensor System ကို ဖွင့်ခဲ့လို့ ရပါတယ်။

(၅) မီးဖွင့်ကြာချိန် အပြောင်းအလဲကို 3 Digit 7 Segment LED နဲ့ ပြပေးမှာ ဖြစ်ပါတယ်။

(၆) LED display ကို မလိုအပ်ဘဲ အမြဲတမ်း ပွင့်မနေအောင် Push Button ကို မနှိပ်တော့ဘဲ (သို့မဟုတ်) Remote Control ကို မနှိပ်ဘဲထားရင် 5 s အကြာမှာ LED display ပြန်ပိတ်သွားမှာ ဖြစ်ပါတယ်။

(၇) Push Button တစ်ခုခု (သို့မဟုတ်) Remote Control ကို ပထမတစ်ချက် နှိပ်လိုက်ရင် LED display ပြန်လင်းလာပါလိမ့်မယ်။ နောက်တစ်ချက် နှိပ်မှ သက်ဆိုင်ရာ command ကို လုပ်ဆောင်မှာ ဖြစ်ပါတယ်။

(၈) လှုပ်ရှားမှုတစ်ခုခုကို Sensor မှ အာရုံခံ တွေ့ရှိရင် Pilot LED ခဏတာ လင်လာပါလိမ့်မယ်။ 200ms အကြာမှာ Pilot LED ပြန်လည်ပိတ်သွားမှာ ဖြစ်ပါတယ်။

(၉) Save Button ကို နှိပ်ပြီး မိမိတို့ သတ်မှတ်ထားတဲ့ မီးဖွင့်ကြာချိန်ကို ATmega328 microprocessor ၏ EEPROM တွင် မှတ်သားနိုင်ပါတယ်။ ဒီလို မှတ်သားထားရင် မီးပိတ်ပြီး ပြန်ဖွင့်လျင် မိမိတို့ မှတ်သားထားတဲ့ မီးဖွင့်ကြာချိန်အတိုင်း လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Arduino ကို စတင်လေ့လာသူများအနေဖြင့် ဒီ project မှာ —

(၁) Button debouncing

(၂) 7 Segment LED control (Library မသုံးဘဲ manual ရေးပြထားပါတယ်။)

(၃) IR decoding

(၄) Delaying without delay() function

(၅) EEPROM input/output

စတာတွေကို လေ့လာနိုင်ပါလိမ့်မယ်။

Arduino Project File ကို ဒီ link မှာ down နိုင်ပါတယ်။

https://www.mediafire.com/download/hch5su4ufprdhlm/

image
image

Image credit Google

Arduino Project #1 | Ecency