နယ်​မ​ရွေး​သော ​အောင်​ကြီး

Words
434
Reading
2 min
Listen
Play
8y

U5dsc2dTte3btu4yf76hJYFDAbSbxJQ_1680x8400 (1).jpeg
ညသည်​ တ​နေ့တာပင်​ပင်​ပန်းပန်းအလုပ်​လုပ်​ပီး​သော လူဆင်းရဲတစ်​​ယောက်​၏ အနားယူအိပ်​စက်​ချိန်​ကဲ့သို့ တိတ်​ဆိတ်​​နေ​လေရဲ့။
ဆင်းရဲသားရပ်​ကွက်​ဖြစ်​​သော​ကြောင့်​ ယ​​နေ့
ကုန်​ဆုံးခဲ့​သော ကာယအားအင်​တို့ကို မနက်​အတွက်​အသင့်​ ပြန်​လည်​ပြည့်​ဝလာ​စေရန်​ အားဖြည့်​​နေကြကုန်​သည်​။
ထို့​ကြောင့်​ ဆင်းရဲသားရပ်​ကွက်​အတွင်း ညသည်​ တိတ်​ဆိတ်​​နေ​လေသည်​။ ​သြော်​ သက်​ကြီး​ခေါင်းချချိန်​သည်​ ​ကျော်​လာပီးကိုး။
ညဆိုသည်​ကား တိတ်​ဆိတ်​မှုနဲ့ အ​မှောင်​ရဲ့သူငယ်​ချင်းမဟုတ်​ပါ​ကလား။

ထိုတိတ်​ဆိတ်​​အေးငြိမ်းမှုကို ရုတ်​တရက်​ဖြိုခွဲလိုက်​သည်​က ထို​သောရပ်​ကွက်​​လေးအတွင်း​မှ ခ​နော်​နှီခ​နော်​နှဲ့ အိမ်​​လေးတလုံးတွင်ဖြစ်​သည်​။

`` ​ငွေ​ရောင်းနှင်းစက်​​လေး​တွေဖြန်းတဲ့
ပန်းလို.....အိုး..အိုး.....အို..´´
ရုပ်​တရက်​ထမြည်​လိုက်​​သော ဖုန်း ringtone သံ​ကြောင့်​ ​ကောက်​ရိုး အိပ်​ချင်​မှုးတူးနဲ့ထကိုင်​လိုက်​​လေသည်​။

ကောက်​ရိုး- ``ဟဂို´´
ကို​အောင်​- ​အေး ညီ​လေး ကို​အောင်​ကြီးပါ ဘယ်​​ရောက်​​နေလဲ?
ကောက်​ရိုး- ​သြော်​ ကိုကို​အောင်​ကြီး ညီ​လေးအိမ်​မှာဗျ ဘာဖြစ်​လို့လဲ။
ကိုကို​အောင်​- ​ဘားမှမဖြစ်​ပါဘူး ဒီအတိုင်းဆက်​လိုက်​တာပါ ဒီအတိုင်းပဲဆက်​လိုက်​တာ အင်းပါ အင်းပါ အာ့ဆို ဒါပဲ​လေ။

မ​ပြောမဆို ဖုန်းချသွားသည်​။ ​ကောက်​ရိုးလည်း အပြင်​မထွက်​ချင်​​တော့ ပြန်​မ​ခေါ်​တော့ပဲပြန်​အိပ်​လိုက်​​တော့သည်​။

`` ​ငွေ​ရောင်းနှင်းစက်​​လေး​တွေဖြန်းတဲ့
ပန်းလို.....အိုး..အိုး.....အို..´´
လာပြန်​ပီ​နောက်​တခါ ​ကောက်​ရိုးထရပြန်​ပီ။

ကောက်​ရိုး- ``ဟဂို´´
ကို​အောင်​- ​အေး ညီ​လေး ကိုကို​အောင်​ကြီးပါ ဘယ်​​ရောက်​​နေလဲ?
ကောက်​ရိုး- ​သြော်​ ကို​အောင်​ကြီး ညီ​လေးအိမ်​မှာဗျ ဘာဖြစ်​လို့လဲ။
ကိုကို​အောင်​- ​ဘားမှမဖြစ်​ပါဘူး ဒီအတိုင်းဆက်​လိုက်​တာပါ ဒီအတိုင်းပဲဆက်​လိုက်​တာ။

ခနကအတိုင်းပြန်​​ပြောပြန်​သည်​။

ကောက်​ရိုး- ဒီမှာ ကို​အောင်​ကြီး ခင်​ဗျားဘာဖြစ်​​နေတာလဲ ပြသာနာရှိလို့လား။ ဘာဖြစ်​လို့တုန်း။
ကိုကို​အောင်​- မရှိပါဘူးညီ​လေးမရှိဘူး။ မင်း​သောက်​ဦးမလား။
ကောက်​ရိုး- ကို​အောင်​ကြီး ကျ​နော်​ သိတယ်​ ခင်​ဗျားဘာဖြစ်​​နေတာလဲ။ ဘာတုန်း ဘျာဆိုင်​မှာ ​ရှင်းဖို့ ​ငွေလို​နေတာလား။
ကိုကို​အောင်​- ဟုတ်​ဘူးညီ​လေး ​ကိုယ်​ ပိုက်​ဆံပါပါတယ်​ ကိုယ်​ ဆိုင်​ကယ်​နိုးလို့မရလို့။
ကောက်​ရိုး- အခုဘယ်​မှာတုန်း ကို​အောင်​ကြီး။
ကိုကို​အောင်​- နန်း​ရှေ့ မှာ အမှတ်​(၁)ရဲစခန်း​ရှေ့။
ကောက်​ရိုး- ဘယ်​မှမသွားနဲ့ ကျုပ်​လာပီ မိနစ်​နှစ်​ဆယ်​​လောက်​ကြာမယ်​။
ကိုကို​အောင်​- ဆယ်​မိနစ်​​လောက်​မရဘူးလားကွာ။
ကောက်​ရိုး- ​ဟေ့လူ အီးပါဦးမယ်​ဗျ အီးပါဦးမယ်​။ ​ရောက်​​အောင်​လာခဲ့မယ်​ ဒါပဲ။

ကောက်​ရိုး လိုလိုပိုပို​ပြောပီးထထွက်​လာလိုက်​သည်​။ 
သြော်​ မိတ်​​ဆွေသူငယ်​ချင်းဆိုတာ လမ်းမှာ​တွေ့လို့မနုတ်​ဆက်​ဖြစ်​ရင်​​တောင်​ ယခုလို ည​ရေးညတာ ဒုက္ခ​ရောက်​ချိန်​ကျ တစ်​​ယောက်​အကူအညီ တ​ယောက်​​တောင်းရမှာပဲ။
အဲ့အတွက်​ ကိုယ်​က သူ့ကိုကူညီ​ပေးမှသာ ကိုယ်​ဒုက္ခ​ရောက်​ချိန်​ကျ သူမ​ရောက်​​ရောက်​​အောင်​လာကူညီမှာ​ပေါ့။
ပီး​တော့ ဒီလို​ဆောင်းတွင်းကိုယ်​က အိပ်​ယာထဲ​စောင်​ခြုံ​နေတာ​တောင်​ချမ်းတဲ့အချိန်​ သူက လမ်း​ဘေးဆိုင်​ကယ်​ပျက်​​နေတယ်​ဆို​တော့ ကိုယ်​ချင်းစာစိတ်​​လေးနဲ့ ​တွေးကြည့်​ရုံနဲ့တင်​ ကူညီရမှာပဲ​လေ။
မပှုနဲ့ ကို​အောင်​ကြီး ​ကောက်​ရိုးလာပီ။

ကောက်​ရိုး​နေအိမ်​မှ ကို​အောင်​​ကြီး​ပြော​သော​နေရာသို့ ဆယ့်​ငါးမိနှစ်​ခန့်​​မောင်းရသည်​။
ဆိုင်​ကယ်​​မောင်းလာရင်း ဆယ်​နှစ်​ခန့်​ မိတ်​​ဆွေဖြစ်​လာပီး အခု​နောက်​ပိုင်း သိပ်​မ​တွေ့ဖြစ်​​သော ကို​အောင်​အ​ကြောင်း​တွေးမိလာသည်​။
သူသည်​ ထူးလည်းထူး​သော စုံလည်းစုံ​သော ကို​အောင်​ဖြစ်​​ချေသည်​။
သူ၏ထူးခြား​သော အ​တွေ့အကြုံသည်​ ​ယောက်​ကျား​လေးတ​ထောင်​ တစ်​​သောင်းမှာမရှိ​သော အ​တွေ့အကြုံ တသိန်းမှာ​တောင်​ရှိပါစလို့​တွေးရ​သော အ​တွေ့အကြုံနဲ့ ကိုကို​အောင်​ဖြစ်​သည်​။
သူအ​ကြောင်းကိုပြန်​စဉ်းစားမိတိုင်း ခဏက ကိုယ်​ချင်းစာမိတယ်​ဆိုတာကြီး ပြန်ရုတ်​သိမ်းချင်​သလို ကျက်​သီးဖြန်းဖြန်းထမိတယ်​။
စာဖတ်​​နေသူလည်း ကျက်​သီးဖြန်းဖြန်းထမယ်​ဆိုတာ အာမခံရဲပါတယ်​ဗျာ။ မယုံရင်​ တကျပ်​​ကြေး​လောင်းမလား။

လူပုံက ဖြူဖြူပိန်​ပိန်​အရပ်​ရှည်​ရှည်​၊ ပုခုံးရိုးကျယ်​ပီး ခါး​သေးတယ်​။ ဝတ်​တတ်​စားတတ်​သလို ဆံပင်​က ဂုတ်​​ထောက်​​နေတယ်​။
Company အလုပ်​သမားမို့ အမြဲတ​စေ ဘက်​ကီ​ဘောင်းဘီနဲ့ T-shirt ကို ​ဘောင်းဘီထဲအမြဲထည့်​ဝတ်​တယ်​။ ထူးခြားတာက ကြယ်​သီးအပြည့်​တတ်​တယ်​။
မေးရိုးကားကား နာတံ​ပေါ်​ပေါ် မျက်​ခုံး​မွေးက ဟိုဘက်​ဒီဘက်​ထိစပ်​​လောက်​​အောင်​​ကောင်း ​ကောက်​ရိုး​လောက်​မ​ချော​သော်​ငြား အ​တော်​ကြည့်​​ကောင်းတယ်​။
မိန်းက​လေး​တော်​​တော်​များများလှည့်​ကြည့်​သလို
ကျားကျားချင်း​တောင်​ အ​တော်​ကြည့်​​ကောင်းသည်​ဟု ​ပြောနိုင်​​သော ကိုယ်​​နေဟန်​ထားရုပ်​ရည်​။
ထို့​ကြောင့်​ သူသည်​ မျှာစွံသည်​ဟု​ပြောရမလို မျှာလည်းစွံသည်​ ​ဂျော်​တကီးလည်း စွံသည်​။ ထို့အတူ ဝါသနာကြီးသည်​ အဆင်​​ပြေရင်​ ဝါးကား​တောင်​ဖြတ်​မ​မောင်းရဲဆို​သောလူစားမျိုး။
ဟုတ်​ကဲ့ အလုပ်​က ကားသမားပါ ခင်​ဗျာ။
ထို​သော ကို​အောင်​၏ နာမည်​​ပြောင်​မှာ နယ်​မ​ရွေး​သော ကို​အောင်​ကြီးဟု​ခေါ်​လျှင်​ အင်​မတန်​စိတ်​ဆိုးတတ်​​သော သူဖြစ်​သည်​။
အဘယ့်​​ကြောင့်​ဆို​သော်​......သူ့ဘဝတွင်​ ပြန်​​တွေးမိတိုင်း ကျက်​သီးဖြန်းဖြန်းထမိ​သော အ​တွေ့အကြုံရှိခဲ့​လေသည်​။
ဟုတ်​လည်းဟုတ်​ပါသည်​။
ကို​အောင်​သည်​ကား တခါတစ်​​လေ မှုးလာရင်
ငါကွငါမလုပ်​ဖူးတာမရှိဘူးလို့​ပြောတတ်​တဲ့ ​ကောင်​​လေး​တွေ​တွေ့ရင်​ ဟဟဆိုပီး ပြုံးရတဲ့အဆင့်​။ သူက မလုပ်​ဖူတာမရှိပဲကိုး။

ကောက်​ရိုး လွန်​ခဲ့​သော နှစ်​များစွာက အဖြစ်​အပျက်​ကို ပြန်​​ရောက်​သွားသည်​။
လွန်​ခဲ့​သောနှစ်​များစွာက ကိုကို​အောင်​နှင်​ ​ကောက်​ရိုးတို့သူငယ်​ချင်း ​ခြောက်​​ယောက်​သည်​ ပြင်​ဦးလွင်​မြို့ showပွဲတစ်​ခုသွားရာက စခဲ့ကြ​လေသည်​။
မှတ်​မှတ်​ရရ စိုင်းစိုင်းအပါအဝင်​ ရက်​စ်​ပါ​တွေ အများစုပါ​သောပွဲတစ်​ခု။
ကောက်​ရိုးတို့ သူငယ်​ချင်းတစ်​စုလည်း နီးစပ်​ရာ ဘကြီးဘုန်း​ကျောင်းတွင်​တည်း၍ ညပိုင်း showပွဲ သွားကြသည်​။ ထို​ခေတ်​က show ပွဲသွား ဂျွန်း​တွေထိုးကြတာ ​ကောက်​ရိုးမှ ဆယ့်​17နှစ်​ရှိ​သေးတာ။

သူငယ်​ချင်း​ခြောက်​​ယောက်​ ​တောကလာသလို တွန့်​ဆုတ်​ တွန့်​ဆုတ်​ဝင်​သွားရင်း ဟိုကြည့်​ဒီကြည့်​​ပေါ့။
ကို​အောင်​က​တော့ ​ဆော်​​လေး​တွေကြည့်​ရင်း ​ပျော်​မြူး​နေတာ​ပေါ့။ ကျ​နော်​တို့လို​တောသား​တွေ​လေ။ ကို​အောင်​ကမှ နယ်​စုံ​ရောက်​ဖူးတာ ဆရာကြီးကိုး။

ဟေ့​ကောင်​​တွေလာစမ်းပါကစမ်းပါဟ။

ကကကို​အောင်​က ကျ​နော်​တို့မကတတ်​ဘူး။

အေး​နေစမ်းကွာဆိုပီးကို​အောင်​ လူကြားထဲဝင်​က​လေသည်​။

ခဏအကြာ​တော့ ကို​အောင်​ အ​ခြောက်​လို့​ပြောရမလား မိန်းမနဲ့အ​တော်​တူ​သော အ​ခြောက်​တစ်​​ယောက်​ဆွဲလာ​လေသည်​။ သူနှင့်​အတူ သူ့အဖွဲ့လည်း 7​ယောက်​ခန့်​ပါလာသည်​။

ဟေ့​ကောင်​​တွေကြိုက်​တာ​ရွေးကြ အလန်း​တွေဟ။

နေပါ့​စေကိုကြီးရာ မလုပ်​ပါနဲ့။ ကို​အောင်​လည်း သိပ်​မကဲနဲ့ ကိုယ့်​နယ်​မဟုတ်​ဘူး​နော်​ကို​အောင်​။

ဟေ့​ကောင်​ ​ကောက်​ရိုး ​အောင်​ကြီးက နယ်​မ​ရွေးဘူးကွ။ steemit မှာစာ​ရေး​နေတာ ​တော်​ရုံ​ကောင်​မဟုတ်​ဘူး။ မင်းတို့မလိုက်​လဲ​နေ​ပေါ့ ငါသွားကဲလိုက်​ဦးမယ်​ ​ကျောင်းမှာ ပြန်​ဆုံမယ်​​ဟေ့။
ပြော​ပြောဆိုဆို ကို​အောင်​ အပြင်​လစ်​သွား​လေသည်​။ ဟိုမ​ရောက်​ဒီမ​ရောက်​ကို ပခုံး​လေးဖတ်​လို့​ပေါ့။

ကို​အောင်​ ကိုယ့်​နယ်​မဟုတ်​ဘူး​နော်​ ​လျောက်​သွားမ​နေနဲ့

ကောက်​ရိုး လှမ်း​အော်​​သေးသည်​။

ကို​အောင်​ကြီး အယ်​ကို​ဟောဇာတိများပြ​နေ​တော့ ​အေး​ဆေးညီတို့ ကို​အောင်​ကြီး နယ်​မ​ရွေးဘူး။
ပြောလည်း​ပြော ​ဂျော်​တကီးမလှလှ​လေးအားလည်း ဗွက်​ခနဲ နမ်းလိုက်​ကာ လစ်​သွား​လေသည်​။

အရှင်​ဘုရား ကယ်​​တော်​မှုပါ။
ဦးပဌင်း ​ကယ်​ပါဘုရား။
တပည်​​တော်​ ဘဝပျက်​ပါပီဘုရား ဗြဲဗြဲ။

ညက ကို​အောင်​ကြီးကို ​ကျောင်းပြန်​​ရောက်​လာမယ်​ ဆိုပီး ​စောင့်​မ​နေပဲပြန်​လာခဲ့ကြတယ်​။
ကျောင်းကိုမ​ရောက်​​သေး​တော့ ဆရာ​တော့ ဇိမ်​ခံမဆုံးဖြစ်​​နေပီဆိုပီး အင်း ညိမ့်​ပါ​စေညိမ့်​ပါ​စေ မနက်​​ရောက်​လာမှာပဲဆိုပီးအိပ်​ကြတယ်​။ သိတယ်​​လေ နယ်​မ​ရွေးတဲ့ စုံလဲစုံတဲ့ကို​အောင်​ကြီးကိုးဗျ။
အခု​တော့..
မနက်​ငါးနာရီ​လောက်​မှ ​ကျောင်းတံခါး ​ပုပ်​ပီး ​အော်​​နေ​သော ကို​အောင်​ကြီး အသံကြားမှ အားလုံးလန့်​သွားကြတယ်​။

ဟေ့​ကောက်​ရိုး ထသွားဖွင့်​​ပေးစမ်း ​ဘယ်​သူတုန်းမသိ။ 
အောင်​ကြီးအသံပဲ ညက မင်းတို့​ခေါ်မလာကြဘူးလား။

ဆရာ​တော်​ ခိုင်းရင်း ပစ်​ထားတဲ့အတွက်​ မာန်​​လေသည်​။

ကောက်​ရိုး ပြာတီးပြာယာ​ပြေးပီး တံခါးဖွင်​လိုက်​​တော့...

အားလားလား ကို​အောင်​ကြီး​လေပ ခန္ဓာကိုယ်​တစ်​ခုလုံးဗလာကျင်းနဲ့ ​အောက်​ခံ​ဘောင်းဘီ​လေးတစ်​ထည်​သာ ပါ​လေသည်​။
တုန်​တုန်​ချိချိနှင်​ ဗိုက်​​လေးဖိကာဖိကာ​ကျောင်းထဲဝင်​လာသည်​။
ဆောင်းတွင်းပြင်​ဦးလွင်​အ​အေးဒဏ်​ မည်​သို့ခံလာသနည်း။
ကို​အောင်​ကြီး ​ကောက်​ရိုး​ကျော်​ကာ ဆရာ​တော်​ဘုရားဆီ​ပြေးဦးချ​လေသည်​။

ဟေ့​အောင်​ကြီး ​သွေးသား​ကောင်းစ။ ဘယ့်​နှယ်​ ဒီအချိန်​ကြီးဖင်​တုံးလုံး​နေသလဲဟဲ့။ ဘာ​တွေဖြစ်​လာတာလဲ။ ​ပြောစမ်းပါဦး။

အရှင်​ဘုရား တပြည်​​တော်​မနက်​မှ​လျောက်​ပါရ​စေဘုရား အခုချမ်းလွန်းလို့ ​စောင်​​လေးနဲ့​ကွေးပါရ​စေဘုရား။

အေး​အေး အားလုံးအိပ်​​ရေးပျက်​ကြမယ်​ ​အောင်​ကြီးကို ကူ​ပေးလိုက်​ကြဦး မနက်​မှ​လျောက်​​တော့ ဘုန်းကြီးလဲကြိမ်းမယ်​ကွယ်​ မနက်​အာရုဏ်​ ထရဦးမယ်​။

အားလုံးလည်း ကို​အောင်​ကြီးကို အခုမှ​ပြေးတွဲ​ခေါ်ပီး အခန်းဆီပြန်​လာခဲ့ကြတယ်​။

အခန်းပြန်​​ရောက်​လို့ အင်္ကျီ​ဘောင်းဘီဝတ်​​ပေးပီးကို​အောင်​ကြီး ​ခေါင်းအုံးကြီးဖတ်​ငိုတာပဲ ကျုပ်​တို့လည်း တညလုံးမအိပ်​ရဘူး သူ့ငိုသံ​ကြောင့်​။

လေးစားရ​သော စုံလည်းစုံ​သော ကွီး​အောင်​ကြီး ဘယ်​လိုတိုက်​ပွဲကျခဲ့တာလဲ ဆို​သောအ​တွေးများစွာဖြင့်​ မိုးလင်းခဲ့​ချေပီ။

ဆက်​ရန်
😝😝😝😝😝

MSC 005
That Ko Zaw

received_817512645096897.gif