Master Number 11 and 22

Words
248
Reading
2 min
Listen
Play
5y

atoz.png

ယနေ့တွင် အထူးဂဏန်း ၁၁ နှင့် ၂၂ အကြောင်းကို ရေးခြင်းဖြင့် တလုံးတည်းဂဏန်းများ အကြောင်းကို အဆုံးသတ်လိုက်ပါသည်။ နောက်ရက်တွင် အားလုံးကို ပြန်လည်စုစည်း၍ မိတ်ဆွေတို့ သိမ်းဆည်းနိုင်ရန် တင်ပေးပါဦးမည်။

ဂဏန်းတို့၏ ပင်ကိုယ်သဘောသဘာဝများကို လေ့လာမှတ်သားခြင်းသည် သင်္ချာဗေဒတွင် အခြေခံကျသော သင်ခန်းစာ ဖြစ်ပါသည်။ မြန်မာဗေဒင်တွင် နေ့နံတို့အကြောင်းနှင့် သဘောခြင်း တူပါသည်။

၁ မှ ၉ အထိ ဂဏန်းများသည် လူတဦး၏ မွေးနေ့နှင့် အမည်နာမများအပေါ် ဩဇာသက်ရောက်မှု ရှိနေပါသည်။ မွေးနေ့ သို့မဟုတ် အမည်နာမတွင် ဂဏန်းတလုံး၏ အရေအတွက် များလာလေလေ ထိုဂဏန်း၏ သဘောသဘာဝများ ပိုမိုအသက်ဝင်လာလေပင် ဖြစ်သည်။

သင်၏ မွေးနေ့ (မွေးရက် + မွေးလ + မွေးနှစ် ) တို့ကို တလုံးတည်းဖြစ်အောင် ပေါင်းခြင်းအားဖြင့် သင်၏ မွေးနေ့ စိုးမိုးဂဏန်းကို ရရှိနိုင်ပါသည်။ အမည်နာမကို ပေါင်းခြင်းသည်လည်း အမည်နာမ စိုးမိုးဂဏန်းကို ရရှိနိုင်ပါသည်။

မော်ဒန် သင်္ချာဗေဒဖြင့် မွေးနေ့ သို့မဟုတ် အမည်နာမ စိုးမိုးမှုဂဏန်းကို ရှာဖွေရာတွင် ပေါင်းကိန်း ၁၁၊ ၂၂ ရရှိပါက ထိုဂဏန်းတို့သည် သီးခြား အဓိပ္ပါယ် ဖွင့်ဆိုချက်များ ရှိနေသောကြောင့် တလုံးတည်းဖြစ်အောင် ပေါင်းရန်မလိုပေ။

ဥပမာ - ၁၀.၀၈.၂၀၀၀ တွင် မွေးဖွားခဲ့သူ -

10 + 08 + 2000
1+ 8 + 2
11

ယခုပို့စ်တွင် အထူးဂဏန်းဖြစ်သော (11 / 22) ဂဏန်း၏ သဘောသဘာဝကို ရေးသားပါမည်။ ဂဏန်းများ၏ စရိုက်လက္ခဏာများသည် မွေးနေ့ဂဏန်းထက် အမည်နာမဂဏန်းများပေါ်တွင် ပိုမို၍ လွှမ်းမိုးနိုင်ပါသည်။

(11) ဂဏန်းသည် စိတ်ကူးယဉ်သူ၊ ဟောပြောသူ၊ ဘာသာရေးလုပ်ဆောင်သူ၊ စိတ်စွမ်းအားရှင်၊ စာရေးဆရာ၊ သံတမန် ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(11) ဂဏန်း၏ အပြုသဘော - Constructive

  • ထိုးထွင်းသိမြင်နိုင်စွမ်းရှိခြင်း
  • စိတ်ကူးစိတ်သန်းကောင်းခြင်း
  • တီထွင်ဖန်တီးတတ်ခြင်း
  • ရှင်းလင်းစွာ ဖော်ပြတတ်ခြင်း
  • အတွေးအကြံကောင်းခြင်

(11) ဂဏန်း၏ အပျက်သဘော - Negative

  • အစွမ်းအစမရှိခြင်း
  • တယူသန်ခြင်း
  • ရည်မှန်းချက်ကင်းမဲ့ခြင်း
  • နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း

(11) ဂဏန်း၏ အဖျက်သဘော - Destructive

  • မရိုးမဖြောင့်ခြင်း
  • ကပ်စေးနှဲခြင်း
  • ကောက်ကျစ်စဉ်းလဲခြင်း
  • ဂုဏ်သိက္ခာဆုတ်ယုတ်ကျဆင်းခြင်း
  • ဆိုးဆိုးဝါးဝါးဖြစ်စေတတ်ခြင်း

(22) ဂဏန်းသည် အပြည်ပြည်ဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ဆောင်မှုဝါဒကို ယုံကြည်လုပ်ဆောင်သူ၊ လက်တွေ့တည်ဆောက်လုပ်ဆောင်သူ၊ သံအမတ်၊ သံတမန်ဝန်ထမ်း၊ သမတ၊ ဥက္ကဌ ဟု ယေဘုယျအားဖြင့် အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပါသည်။

(22) ဂဏန်း၏ အပြုသဘော - Constructive

  • အတွေးအကြံကို လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းရှိခြင်း
  • စွမ်းအားရှိခြင်း
  • နိုင်ငံစုံ အကျိုးတူ လုပ်ဆောင်သင့်သည်ဟူသောဝါဒကို ယုံကြည်လက်ခံခြင်း
  • တည်ဆောက်ရာတွင် ပါရဂူမြောက်ဖြစ်ခြင်း

(22) ဂဏန်း၏ အပျက်သဘော - Negative

  • သိမ်ငယ်သော စိတ်အစွဲရှိခြင်း
  • ဘာသိဘာသာနေတတ်ခြင်း
  • မြည်တွန်တောက်တီးခြင်း
  • ဒေသစရိုက်ဓလေ့ကို အစွဲအလမ်းကြီးခြင်း

(22) ဂဏန်း၏ အဖျက်သဘော - Destructive

  • ကောက်ကျစ်စဉ်းလဲခြင်း
  • မှော်ပညာ လိုက်စားကျင့်သုံးခြင်း
  • အလောတကြီး မဆင်မခြင် လုပ်ဆောင်တတ်ခြင်း
  • လက်တွေ့မကျခြင်း
  • မစွမ်းမသန်ဖြစ်ခြင်း
  • အရည်အချင်းမပြည့်မီခြင်း

အပြုသဘော၊ အပျက်သဘော၊ အဖျက်သဘော သုံးရပ်ထဲမှ မည်သည်က ပို၍ အားကောင်းမည် ဆိုသည်မှာ ကာယကံရှင်၏ ရွေးချယ်မှု သို့မဟုတ် လက်တွေ့ကျင့်သုံးမှု ရလဒ်အပေါ် မူတည်ပါသည်။

သင်္ချာဗေဒကို စိတ်ဝင်စားသူသည် ယခင် Modern Numerology ပို့စ်များကိုပါ ဖတ်ရှုရန် လိုအပ်ပါသည်။ သင်္ချာဗေဒပို့စ်အားလုံးသည် မိမိ၏ ဘလော့ပေါ်တွင် တည်ရှိနေပါသည်။ မော်ဒန်သင်္ချာဗေဒသည် လေ့လာရန် လွယ်ကူသောကြောင့် ပထမဦးစွာ မိတ်ဆက်ရေးသားပေးခြင်း ဖြစ်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

sayalu@sayalu
13.01.2022

Master Number 11 and 22 | Ecency