Mother's Day(2)

phyo(45)
Published in
#myanmar
Words
95
Reading
1 min
Listen
Play
9y

image
အယ်နာဂျာဗစ်အနေဖြင့် 'အမေများနေ့' ကို သားသမီးများက မိခင်အပေါ် ချစ်ခင်ကြင်နာမှု ရိုသေဂါရဝပြုသော သမန်ရိုးစင်းသည့် လုပ်ဆောင်မှုလေးများသာ ဖြစ်စေချင်သည်။ငွေကုန်ကြေးကျများသည့် ပကာသနဖက်သော ဂုဏ်တုဂုဏ်ပြိုင် ကိန်းကြီးခန်းကြီးနိုင်သည့်နေ့မဖြစ်စေလိုပါ။သို့သော် ယခုအခါ အမေများနေ့သည် လက်ဆောင်ပစ္စည်းအရောင်းဆိုင်များ ပန်းရောင်းသည့်စတိုးဆိုင်များ နှုတ်ဆက်သဝဏ်လွှာကဒ် ထုတ်လုပ်ရာအလုပ်ရုံများနှင့် တယ်လီဖုန်းကုမ္ပဏီများအတွက် အဓိကငွေကုန်ကြေးကျများစေမည့်လုပ်ငန်တစ်ရပ်ဖြစ်လာခဲ့ပါတယ်။
ယခုအခါ သန်းပေါင်းများစွာသော အမေရိကန်ပြည်သူတို့မှာ အမေများနေ့ကို တခမ်းတနားပြုလုပ်လာခဲ့ကြပါတယ်။အမေများနေ့ နှုတ်ဆက်သဝဏ်လွှာကတ်များ သန်းပေါင်း ၁၅၀ကျော် ရောင်းချပေးနေရပါတယ်။ထို့အတူ ကုမ္ပဏီများကလည် အမျိုးပေါင်းထောင်နှင့်ချီ၍ကတ်များကို ရိုက်နှိပ်ထုတ်လုပ်ကြရပါတယ်။
လူများစွာက 'အမေများနေ့'တွင် ပန်းများကို သူတို့အမေဆီကို ပေးပို့ခဲ့ကြပါတယ်။ထိုအချိန်များတွင် အမေရိကန်မှာရှိတဲ့ ပန်းအရောင်းဆိုင်သူများအတွက် အလုပ်ရှုပ်ဆုံးနေ့တနေ့လည်ဖြစ်ပါတယ်။မိခင်များနှင့်ရေမြေခြား ရောက်ရှိနေတဲ့ အမေရိကန်လူမျိုးတွေက သူတို့၏ မိခင်များထံ ပန်းများကိုပေးပို့ခဲ့ကြပါတယ်။အမေရိဒေသအတွင်းရှိ စတိုးဆိုင်များကလည်း တယ်လီဖုန်းနဲ့ဖြစ်စေ faxနဲ့ဖြစ်စေ ရပ်ဝေးမှာရှိတဲ့ ပန်းအရောင်းဆိုင်များသို့ ပန်းများကိုလည် မှာယူနိုင်ပါတယ်။အဆိုပါ ပန်းဆိုင်များမှတစ်ဆင့် မိခင်များထံပန်းများ ပို့ဆောင်ပေးပါတယ်။
'အမေများနေ့'တွင် လူအများစုသည် အမေ့အကြောင်းသီချင်းများ ရေးစပ်သီဆိုဂုဏ်ပြုပေးကြပါတယ်။ရစ်ခ်မာဂျစ်ဇာ(Rick Marghza) ဆိုသူက'အမေများနေ့'တေးသွားကို ရေးသားပြုစုခဲ့ပါတယ်။အမေရိကန်လူမျိုးများအနေဖြင့် အမေနေ့အတွက် လက်ဆောင်ပေးရန် ဒေါ်လာငွေအမြောက်အများကို သုံးစွဲခဲ့ကြသည်။စတိုးဆိုင်များကလည်း ထိုနေ့မတိုင်မီတွင်ပင် ကြိုတင်၍ ကြော်ငြာလျှက် အရောင်းမြှင့်တင်ရင်း လုံးပန်းခဲ့ကြပါတယ်။အဝတ်အထည်များ ကျောက်မျက်ရတာနာများမှာ လူကြိုက်များလှသည်။သို့သော် 'အမေများနေ့' လက်ဆောင်မှာ အများအားဖြင့် တရားစာအုပ်များ အားကစားအသုံးအဆောင်များ(သို့မဟုတ်)ကပွဲရုံ ဝင်ခွင့်လက်မှတ်များဖြစ်ပါတယ်။
'အမေများနေ့'အတွက် ထူးခြားလှသည့် ပန်းချီကားရေးဆွဲခြင်း တေးသီချင်းသီဆိုကန်တော့ခြင်းများလည်ရှိပါတယ်။လွန်ခဲ့သော သက္ကရာဇ်၁၈၀၀ပြည့်နှစ်က ရုရှားလူမျိုးသီချင်းရေးဆရာ ပီတာအီလစ်တချိုလ်ကော့ဖ်စကီး(Peter Ilich Tchai Konsky)ရေးသားခဲ့သည့် 'ချစ်စွာသောအမေ' သီချင်းမှာ ဂန္တဝင်မြောက် သီချင်းဖြစ်ခဲ့ပါတယ်။
HFS-B14

Mother's Day(2) | Ecency