​​  ​​ 😁😁

Words
143
Reading
1 min
Listen
Play
8y

တစ်​ပတ်​စာ ရာသီ အလွဲ​လေး​တွေ 😁😁

ပြီးခဲ့တဲ့ ရက်​ပိုင်းကဆို ​နေ​တွေမှ ပူလိုက်​တာလွန်​ပါ​ရောဗျာ။
ရာသီဥတုက မိုး အလွန်​ကို ​ရောက်​လာ​ပေမဲ့ ခုထိ ပူပြင်းမူ့​တွေက တပ်​ဆုတ်​လို့ မပြန်​ကျ​သေးဘူး။

20180923_224311.png

မိုးရာသီ လို့ ဆိုရပြန်​ရ​အောင်​လည်း မိုးက ဘယ်​​ရောက်​လို့ ​ရောက်​​နေတယ်​ မသိပါဘူးဗျာ။
ပြော​နေကြ စကားလုံး​လေးနဲ့ ​ပြောရရင်​​တော့ ပူချက်​က လက်​ကုန်​ပါပဲဗျာ။

နေရင်း ထိုင်းရင်းကို ​ချွေး တဒီးဒီး စီးကျ​နေတယ်​​လေ။
ဒါနဲ့ ပန်​ကာ​လေး​တွေ ကြည့်​ပြန်​​တော့ ပျက်​​နေတာက များများရယ်​​လေ။

ကိုယ်​လည်း ဘယ်​ရမလဲ အိမ်​က ပိုက်​ဆံ ​တောင်းပြီးသကာလ ဆုံလည်​ ပန်​ကာ​လေး ၃ လုံး ​ပြေးဝယ်​ပြီး ဆင်​လိုက်​တယ်​​လေ။

20180923_224505.png

ရာသီဥတု က ကိုယ့်​ဘက်​ကိုပါတယ်​ လို့ ​ပြောရမယ်​ ကိုယ်​ ပန်​ကာ​လေး ဝယ်​ခဲ့ကာမှ မိုးက​လေ သည်းလိုက်​တာမှဗျာ။
၁ ရက်​လည်းမဟုတ်​ ၂ ရက်​လည်းမဟုတ်​ ရွာ​နေ​တော့ ကိုယ့်​မှာ အသစ်​ဝယ်​လာတဲ့ပန်​ကာ​လေးနဲ့ ဇိမ်​​တောင်​မခံရ​သေးဘူး
မိုး​လေး တ​အေး​အေးနဲ့ ​စောင်​နဲ့​တောင်​ ​ကွေး လိုက်​ရ​သေးတယ်​ 😁😁။

မိုးကလည်း ၃ ရက်​ ၄ ရက်​​လောက်​​စွေ ပြီးမှ တိတ်​​တော်​မူ​တော့တယ်​​လေ။
ခုမိုး​တွေ တိတ်​​တော့မှပဲ နံနက်​ခင်း​လေး​ရောက်​​တော့ အိပ်​ရာက ထပြီး ကြည့်​လိုက်​မိတယ်​။

20180923_224244.png

အရပ်​ ၁၀ မျက်​နာ အကုန်​လုံး ဘာမှကို မမြင်​ရပါလား
ဘာမှ မမြင်​ရဆို မြူခိုး​တွေ ​ဝေ့​နေတာကိုး မကြာခင်​ ​ဆောင်း​တောင်​ ​ရောက်​​တော့မှာပါလားလို့ ​တွေးမိ​သေးတယ်​။

အေးစက်​စက်​ နှင်း​ငွေ့ ​တွေက တစ်​ကယ့်​ ​ဆောင်း​ရောက်​သွားသလို စိတ်​ထဲမှာ ခံစားမိတယ်​ဗျာ။

20180923_224337.png

ဘာလိုလိုနဲ့ ဒီ တစ်​ပတ်​ထဲနဲ့ ကျွန်​​တော်​က​တော့ နှစ်​တစ်​နှစ်​ရဲ့ အနှစ်​သာရကို ခံစားကြည့်​မိတယ်​ဗျာ။
တစ်​နှစ်​မှာ ၃ လ ​နေမှ ကြုံရတဲ့ ​နွေ မိုး ​ဆောင်း ရာသီ ၃ ဥတု ကို ကျွန်​​တော်​က​တော့ တစ်​ပတ်​နဲ့ ဖြတ်​​ကျော်​ရတာ
ဘယ်​လို ​ပြောရမလဲ ဖီလင်​ ​ပေါ့ဗျာ 😁😁။

IMG_20180817_185740.jpg

ဒါနဲ့ ​နေပူရင်​​တော့ ​ပန်​ကာ အသစ်​​လေး​တွေ အလုပ်​​ပေးအုံးမယ်​ဗျာ 😁😁။

lwanwai@lwanwai
MSC 045

​​  ​​ 😁😁 | Ecency