Soccer

Words
152
Reading
1 min
Listen
Play
8y

ချန်ပီယံလိဂ်နဲ့ပတ်သက်တဲ့စိတ်ဝင်စားဖွယ်အချက်များ

ဥရောပချန်ပီယံလိဂ်ဆိုတာ ဥရောပမှာ ယှဉ်ပြိုင်ကစားနေတဲ့ ဘောလုံးကလပ်တွေအတွက် အမြင့်ဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံးက စိတ်ဝင်တစားအားပေးကြတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။
image
ညအချိန်ဘောလုံးပွဲထားကြည့်ရမှု၊ ချန်ပီယံလိဂ်ပြိုင်ပွဲ Theme Song ဒါတွေက ချန်ပီယံလိဂ်ရဲ့ အမှတ်သင်္ကေတတွေပါပဲ။ ဒါကြောင့် မြန်မာပြည်သူတွေအပါအ၀င် တစ်ကမ္ဘာလုံးကစိတ်ဝင်စားကြတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ပတ်သက်တဲ့ အချက်အလက်တချို့ကို တင်ပြပါမယ်။

အချက် (၁)

ချန်ပီယံလိဂ်ပြိုင်ပွဲကို ၁၉၅၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပေမယ့် လက်ရှိကျင်းပနေတဲ့ ပုံစံကတော့ ၁၉၉၂ ခုနှစ်မှာမှ စတင်အသက်ဝင်ခဲ့တာဖြစ်ပါတယ်။ စတင်ခါစမှာတော့ European Champion Club’s Cup (ဥရောပချန်ပီယံကလပ်များဖလား) အဖြစ် ကျင်းပခဲ့တာဖြစ်ပါတယ်။

အချက် (၂)

ကြယ်စင်စုအသင်းလို့ လူသိများတဲ့ စပိန်ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးချန်ပီယံအသင်းဖြစ်ပြီး စတင်ကျင်းပတဲ့ ၁၉၅၅-၅၆ မှာပဲ ဆုဖလားရရှိခဲ့တာဖြစ်ပါတယ်။ ဒါအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက်အအောင်မြင်ဆုံးကလပ်အသင်းဖြစ်ပြီး ချန်ပီယံလိဂ်ဆုဖလားကို ၁၂ ကြိမ်အထိ ရရှိထားပါတယ်။ image

အချက် (၃)

စပိန်ကလပ်တွေဟာ ပြိုင်ပွဲမှာ အအောင်မြင်ဆုံးဖြစ်ခဲ့ပြီး အင်္ဂလန်ကလပ်တွေက ဒုတိယနေရာမှာ ရှိနေကာ ဂျာမနီ၊ နယ်သာလန်နဲ့ ပေါ်တူဂီတို့ကတော့ အစဉ်လိုက်တည်ရှိနေပါတယ်။ ပြင်သစ်၊ စကော့တလန်၊ ရိုမေးနီးယားနဲ့ ယူဂိုဆလားဗီးယားကလပ်တွေကတော့ တစ်ကြိမ်စီသာ ဆုဖလားရရှိထားတယ်လို့ သိရပါတယ်။
image
အချက် (၄)

ဗြိတိန်တေးဂီတပညာရှင် Tony Britten က ချန်ပီယံလိဂ်မူပိုင်တေးသီချင်းကို ၁၉၉၂ ခုနှစ်မှာ ရေးသာခဲ့ပါတယ်။ ဒီသီချင်းဟာ George Frideric’s Zadok the Priest သီချင်းကို ပြန်လည်ပြင်ဆင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ image

အချက် (၅)

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမြန်ဆုံးဂိုးသွင်းနိုင်သူကတော့ ဂျာမနီကလပ်ဘေယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး Roy Makkay ဖြစ်ပါတယ်။ သူဟာ ဒီမှတ်တမ်းကို ၂၀၀၇ ခုနှစ်က ရရှိခဲ့တာဖြစ်ပြီး သူဟာ ပွဲစလို့ 10.12 စက္ကန့်အတွင်းဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အချက် (၆)

ဆွမ်ဆီးအသင်းကစားသမား Bafetimbi Gomis ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အမြန်ဆုံးဟက်ထရစ်သွင်းနိုင်သူဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၁ ခုနှစ်မှာ ၈ မိနစ်အတွင်း ၃ ဂိုး ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အချက် (၇)

ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ပထမဆုံးဖိုင်နယ်ပွဲစဉ်ကိုတော့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာရှိတဲ့ Olympiastadion အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအားကစားကွင်းကို ၁၉၃၆ ခုနှစ်မှာ စတင်ဖွင့်လှစ် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ကစားကွင်းရဲ့ သက်တမ်း နှစ် ၈၀ ကျော်ကြာမြင့်ပြီဖြစ်ပါတယ်။

Written..linkhant@linkhant
Photo..Google

Soccer | Ecency