Money and work.7

Words
165
Reading
1 min
Listen
Play
8y

ငွေနဲ့ အလုပ်(၇)
ကောင်လေးတွေ ဘက်ထရီ ဖြုတ်လဲနေတုန်း လူနာနား ခဏသွားပီး စိုးရိမ်ပူပန် စိတ်လေးလျော့အောင် အရင်လုပ်ရမယ် ဆိုတဲ့အတွေးနဲ့ အမဘယ်နားကလာတာလဲ ချောင်းလမု ရွာကပါတဲ့ အင်း တော်တော်လေး ဝေးပါတယ် ၃ နာရီ ခရီးလောက်ရှိပါတယ်။အမျိုးသားကရော ရှိပါတယ် အခုက အိမ်မှာမရှိပါဘူး ခြံထဲရောက်နေလို့ မပါလာပါဘူး။ခြံထဲဆိုတာ ကျွန်တော်တို့ဘက်မှာကတော့ အိမ်နဲ့ အနည်းဆုံး ၂ မိုင် ၃ မိုင် လောက်ဝေးပါတယ် ပီတော့ လူသွားလမ်း ဆိုင်ကယ်လောက် အထိဘဲရပါတယ်။ မိုးတွင်းဆိုရင် သွားရလာရ ပင်ပန်းပါတယ်။ဒေသ အနေအထားရ ခြံထဲမှာ အများအားဖြင့် ရော်ဘာ ကွမ်းသီး ဆီအုန်း တို့စိုက်ပျိုးကြပါတယ်။
ဆီအုန်းကတော့ ငွေကြေး ချမ်းသာတဲ့ သူတွေနဲ့ ကုမ္ပဏီတွေကဘဲ စိုက်ကြတာပါ ရွာသူရွာသား အများစုကတော့ ရော်ဘာနဲ့ ကွမ်းဘဲ စိုက်ကြပါတယ်။အခုဗိုက်က သားဦးလား ဟုတ်ကဲ့ရှင့် အင်း သိတိထားရမဲ့အနေအထားပါ။ခဏကြာတော့ အရှေ့ဘက်ကနေ ကောင်လေးလှမ်းအော်လိုက်ပါတယ် ဆရာမောင်းလို့ရပီတဲ့ ဒါနဲ့ ကားဆရာ မောင်းတော့ ကျွန်တော် အနောက်က လိုက်မယ်လို့ ပြောလိုက်တော့ ကားဆရာက အားကိုးရပါတယ် ဆရာကဆရာပါ ဆရာဘဲမောင်း လိုက်တာ ပိုမြန်မယ် ထင်တယ်တဲ့ တေပီ ငါ့ကိုအရောက်ပို့တာ ကဲကောင်လေး မင်းအိမ်ကကားမောင်းလာ အနောက်ကနေလိုက် ငါအရှေ့ကမောင်းမယ် ဟုတ်ဆရာ။ကားဆရာ လူနာ အနားဘက်သွား လူနာကို အားရှိအောင် အားတက်စေမဲ့စကားမျိုးပြောပေးလို့ ပြောလိုက်တယ် ကားဆရာက ကျွန်တော်ဘာပြောရမှာလဲ ဆရာတဲ့ ခင်ဗျားအဆင်ပြေတဲ့ဟာ ရှာကြံပီးပြောလိုက် ကလေးနဲ့ပတ်သက်တာ တစ်ခုခုအဆင်ပြေမဲ့ဟာပေါ့ ခင်ဗျားလဲ ငယ်ရာကကြီးလာတာဘဲ ဒီအသက်အရွယ်နဲ့ဆို ကလေးအကြောင်း သိမှာပေါ့လို့ပြောလိုက်တော့ ကားဆရာ စကားကြောင့် ကျွန်တော် မျက်လုံးပါ ပြူးသွားပါတယ်။ဟိုလေ ဟို ဆရာကျွန်တော်အသက်ကတော့ ၄၀ ကျော်ပါပီ ဒါပေမဲ့ ကျွန်တော်က လူပျိုကြီးပါတဲ့ ဒါတွေ အတွေ့အကြုံ မရှိလို့ပါတဲ့။
တေပီဆရာ ကျွန်တော် စိတ်ထဲမှာတွေးလိုက်တာကတော့ သေချာပါတယ် ငါတော့ ကရင်လွယ်အိပ်နဲ့တွေ့နေပီလို့။ခင်ဗျား အဆင်ပြေသလိုသာ လုပ်ပါတော့ဗျာ ကျွန်တော် ကားမောင်းပါတော့မယ်လို့ ပြောပီးကားကို ပုံမှန်အားဖြင့် ကီလိုမီတာ ၄၀ နဲ့ ၆၀ ကြားမှာမောင်းပါတယ် အခုကတော့ အရေးပေါ် အခြေအနေရ ၆၀ နဲ့ ၈၀ ကြားမောင်းလိုက်ပါတယ်။အနောက်ဘက်က လူနာ အခြေအနေ လှမ်းကြည့်လိုက်တော့ ဗိုက်ရှင်က မျက်နှာမှာ စိုးရိမ်မူ့တွေနဲ့ ငြီးငြူပီး လိုက်လာပါတယ်။တစ်ချက် တစ်ချက် ပါးစပ်ကနေ ကိုအောင် ရေ ကိုအောင် ဆိုပီးတော့ အော်သံလဲ ကြားနေရပါတယ်။ ဆက်ရန်.. MSU.032
credit photo google search image image

Money and work.7 | Ecency