ဖန်ဆင်းမှု၏ နောက်ကွယ်

kochan(35)
Published in
#esteem
Words
44
Reading
1 min
Listen
Play
9y

ဒီစင်ပေါ်တင်

ဒီခွင်ကို “က” စေခဲ့တော့

ကန့်လန်ကာနောက်ကွယ်က လက်ခုပ်သံကို

တိတ်တခိုးမျှော်လင့်မိတဲ့ သံယောဇဉ်ဖြစ်တည်လာခဲ့တယ်။

.

သူ့တယုတယနဲ့ယဉ်ကျေးလာရသူ

သူ့နွေးထွေးမှုနဲ့ ဖူးပွင့်လာပုံ

သိုသိုဝှက်ဝှက်မေတ္တာတရားနဲ့

တင့်တောင်တင့်တယ် လန်းဆန်းနေမှုများ

သူဟာ

ကိုယ့်ဘ၀ရဲ့ ထာဝရနတ်ဘုရား။

.

သူ့အပေါ်ထားရှိတဲ့စိတ်နဲ့

သူ့ဘေးနားတွယ်ချင်တဲ့အရိပ်ဟာ

အရာရာမဖြောင့်တန်းနိုင်တော့

သူဟာ

ကိုယ့်ဘ၀ရဲ့ ပထမဆုံးတောင်းဆု

အပူအပင်ကင်းခဲ့တဲ့ သံယောဇဉ်တွေ

ထာဝရ အနာအဖျားကင်းပါစေ။

တကယ်တော့

အချစ်ဆိုတာ

ချစ်နေရုံထက် ပိုတယ်ဟုတ်ဖူးလား။

.

ပန်းဝေတဲ့ရာသီ

ပန်းတွေပွင့်တဲ့ဆောင်း

ရာသီလက်ဖြစ်လေးအရွှေ့အပြောင်းမှာ

ပန်းတပွင့်ရဲ့ဒိုင်ယာရီဟာ

အရေးအသားတွေ မှေးမှိန်ဖျော့တော့

ခံစားမှုတွေ အဆန်းတကြယ်

ပြန်တွေးမိတိုင်း …..မျက်ရည်လည်။

ဖန်ဆင်းမှု၏ နောက်ကွယ် | Ecency