Airdrop သတင်းကောင်း ( Henry Aung )

Words
268
Reading
2 min
Listen
Play
5y

111.jpeg

မင်္ဂလာပါ။ ယနေ့ကတော့ မိတ်ဆွေတို့ အတွက် Hive Engine မှ Airdrop တခုအကြောင်း ဖေါ်ပြပေးပါမည်။ ထိုAirdrop မှာ Writer token ခေါ် ( WIT ) ဖြစ်ပါသည်။ မည်ကဲ့သို့ Airdrop ရနိုင်မည့် အကြောင်း အသေးစိတ်ဖေါ်ပြပေးပါမည်။

ဤ WIT မှာ Hive Platform ပေါ်တွင် ကျွန်တော်တို့ ကဲ့သို့ Blogging လုပ် စာရေးသားရင်း ဝင်ငွေရှာဖွေနေသူများ အတွက် အဓိကထား ထုတ်လုပ်ထားခြင်း ဖြစ်ပါသည်။ ထုတ်လုပ်ထားသော token ပမာဏမှာ WIT ၁၀ သန်းသာ ရှိပါသေးသည်။

WIT airdrop ရနိုင်သည့် နည်းလမ်းမှာ Creative Coin ( CCC ) အား cccf@cccf သို့ Delegate လုပ်ထားသူတိုင်း ၁:၁ WIT ရရှိနိုင်မည် ဖြစ်ပါသည်။ Creative Coin အား မိတ်ဆွေတို့ နှင့် အထူးမိတ်ဆက်ပေးစရာ လိုမည်တော့ မထင်ပါ။ ကျွန်တော်တို့ နေ့စဉ် Post များတွင် Tag တွဲ နေကျဖြစ်ပါသည်။

Creative Coin ၏ အသုံးဝင်ပုံအား ကျွန်တော်၏ ယခင် post များတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ CCC stacking လုပ်ထားခြင်း နှင့် Delegate လုပ်ထားခြင်း တို့ အတွင် အပတ်စဉ် Reward များ ပြန်လည်ရရှိပါသည်။

အကယ်၍ မိတ်ဆွေအနေဖြင့် 10000 CCC အား cccf@cccf သို့ delegate လုပ်ထားလျင် အပတ်စဉ် 55.770 CCC ရရှိနိုင်မည် ဖြစ်ပါသည်။ ယခု အသစ် ထွက်လာမည် ဖြစ်သော WIT airdrop ပြီးသွားလျင် မိတ်ဆွေအနေဖြင့် 10000 CCC delegate လုပ်ထားရုံမျှဖြင့် token သုံးမျိုးရနိုင်မည် ဖြစ်ပါသည်။ ဥပမာပြပါမည်။

မိတ်ဆွေ အနေဖြင့် 10000 CCC အား cccf@cccf သို့ delegate လုပ်ထားသည်ဆိုပါစို့။ မိတ်ဆွေအနေဖြင့် အပတ်စဉ် 55.770 CCC နှင့် 55.770 WIT ရရှိ နိုင်မည် ဖြစ်ပါသည်။ အကယ်၍ မိတ်ဆွေ ၁:၁ Airdrop ကြောင့် ရရှိထားသော 10000 WIT အား ရောင်းမပြစ်ပဲ Stacking လုပ်ထားမည် ဆိုပါက stacking reward အဖြစ် တပတ်လျင် 55.770 CCC ထပ်မံရရှိမည် ဖြစ်ပါသည်။ ဤသို့ ဆိုလျင်ဖြင့် မည်မျှ ကောင်းသော Airdrop ဖြစ်ပါသနည်း။

ဤ Airdrop တွင်တခုသတိထားရမည်မှာ CCC အား Stacking လုပ်ထားရုံဖြင့် Airdrop မရနိုင်ပါ။ Stacking လုပ်ထားသော CCC များအား cccf@cccf သို့ Delegate လုပ်ထားမှသာလျင် Airdrop ရနိုင်မည် ဖြစ်ပါသည်။ December 31 ရက်နေ့ည တွင် မိမိတို့ Hive Engine account အား Snapshot ရယူ ကာ ၂၄ နာရီအတွင်း WIT 1:1 airdrop ချပေးမည် ဖြစ်ကါသည်။

ဆိုတော့ မိတ်တွေတို့ အနေဖြင့် CCC အား Hive Engine တွင် ဝယ်ယူနိုင်ပါသည်။ လွန်ခဲ့သော ၄ နာရီခန့်က CCC team မှ တင်လိုက်သော ဤ Airdrop post ကြောင့် CCC များ ဈေးတက်စပြုနေပြီ ဖြစ်ပါသည်။ ယနေ့ Hive ပေါက်ဈေး ၃၁၀၀ ကျပ်ဖြင့် တွက်လျင်ပင် 1CCC အား ၁၀ ကျပ်ကျော် ဈေးပေါက်နေပြီ ဖြစ်ပါသည်။ အသေးစိတ်အား ဤ နေရာတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

@cccf/creative-coin-fund-investor-report-token-airdrop-to-delegators

Henry Aung ( Kachin )

28/12/2021 - Tuesday - 18;30 Pm

Airdrop သတင်းကောင်း ( Henry Aung ) | Ecency