Looking Good

k017(38)
Published in
#esteem
Words
117
Reading
1 min
Listen
Play
9y

သူမကသိပ်ကြည့်ကောင်းပါတယ် ...
အသားရောင်ဝါဝင်းဝင်း နဲ့ ...
မျက်နှာကျလည်းလှသလို ...
အရပ်ကလည်း အနေတော် ...
စိတ်သဘောထားကလည်းကောင်း ...
သူမအသက်ရှိလှမှ အသက် ၃၀ စွန်းစွန်းပေါ့ ...
image
သူမက သူမအိမ်ထောင်နဲ့ လမ်းခွဲထားတဲ့အကြောင်းပြောတော့ ရင်ထဲမကောင်းဖြစ်မိတယ် ...
မြန်မာလူမျိုးမဟုတ်တဲ့သူမကို စကားပြောတော့ ...
နင် နဲ့ နင့်အမျိုးသား ချစ်ပြီးယူတာလားဆိုတော့ ...
သူ နဲ့ ငါ တကယ်ကို နင့်နင့်နဲနဲ သိပ်ချစ်ပြီးမှ လက်ထပ်ဖြစ်ကြတာပါ. ဒါပေမယ့် ... ငါတို့ လက်ထပ်ပြီးမှ သူ နောက်ထပ်ကောင်မလေးတစ်ယောက်ကို ထပ်ကြိုက်တယ်တဲ့ ...

စာကြောင်းအနည်းငယ်နဲ့ ရိုးရိုးလေး သူမပြောသွားပေမယ့် ...
သူမမျက်နှာပေါ် စက္ကန့် အနည်းငယ်ဖြတ်သွားတဲ့ ခံစားမှုတွေ ...
သူမ မျက်ဝန်းတွေ ...
သူမ ဘယ်လောက်တောင် နာကျင်ခဲ့မလဲလို့ သူမနေရာကနေ ခံစားတွေးပေးကြည့်မိတယ် ...

ခံစားမှုတွေ ထိန်းချုပ်တာကို အသားကျနေပုံဖြစ်တဲသူမက အေးအေးလေးပြောပြန်တယ် ...
ခုတော့ ... ငါ ... အဲဒီ့နာကျင်မှုကို ကျော်ဖြတ်နိုင်ခဲ့ပြီတဲ့.

ဘာမှမပြောဘဲ ကျွန်မငြိမ်သက်နေမိတယ် ...
ရင်ထဲမှာ မကောင်းဘူး ...
နာကျင်မှုကို ကျော်ဖြတ်ခဲ့တဲ့ သူမမှာ ကြံ့ခိုင်စွမ်းအားပိုမိုကြီးမားနေမှာပါ ...

ချစ်ခြင်းမေတ္တာစစ်မှန်ရင် ရာသက်ပန်မပြောင်းလဲဘူးလေ ...
ဒါပေမယ့် ...
တကယ်ချစ်မေတ္တာသက်ဝင်ပြီး ချစ်ခြင်းမေတ္တာအစစ်လို့ ယုံကြည်ပြီးမှ တစ်ဖက်သူရဲ့ ပြောင်းလဲမှုကို ခံစားရတဲ့အခါ ...
ယုံကြည်ချက်တွေကို ရိုက်ချိုးခံရတဲ့ နာကျင်မှု ...
ဘယ်လိုဖြစ်ဖြစ်ပါလေ ...
သူကောင်းတာ မကောင်းတာ သူ့ကံ ...
ကိုယ်ကောင်းတာ မကောင်းတာ ကိုယ့်ကံဖြစ်လာမှာမို့ ...
ခွင့်လွှတ်စိတ်နဲ့ လက်လွှတ်ရင်း ...
ကိုယ့်ကိုယ်ကို လွတ်မြောက်ကြဖို့မလား ...

image

Looking Good | Ecency