မျက်လုံးက ယနေ့မှာ နာနေသည်။ မျက်လုံးနာနေသဖြင့်
စာရေးဖို့ စိတ်မပါပေ။ သို့ပေသည့် တရက်ခြား ပို့စ်တော့
ရေးရပေမည်။ ဒီတော့ကြိုးစားပြီး ရေးရပါလေသည်
မိတ်ဆွေတို့ သိသည့်အတိုင်း မြန်မာပြည်အနှံအပြားမှာ
ရေဘေး ဒုက္ခများကနေရာတကာမှာဖြစ်ပွားနေသည်။ မြန်မာပြည်သူပြည်သားတို့၏ ဒုက္ခသည်လည်းမသေးလှပါ။ စစ်ဘေးကြောင့်၊ ရေဘေး ကြောင့် ဒုက္ခမျိုးစုံကြောင့် ပြေးနေရသည်။
အရာရာဟာ အကြောင်းကြောင့် အကျိုးဖြစ်သည်။
ဆိုပေသည့် ပုထုဇဉ်များပီပီ အခက်အခဲများ၊ ဒုက္ခများရင်ဆိုင်ကြုံတွေ့နေကြရသည်ကို မြင်တွေ့ရပြန်တော့စိတ်ချမ်းသာမှုမရှိပေ။ ကမ္ဘာအနှံ့အပြားမှာလည်း လူတို့၏ လောဘဒေါသများကြောင့် ဖြစ်သောစစ်မက်များအပြင် လူတို့၏ပရောဂါကြောင့်ဖြစ်သော သဘာဝ
အန္တရာယ်များကလည်း နေရာအနှံ့အပြားမှာပေါ်ပေါက်၍နေပေတော့သည်။ ဒါသည်ပင် လောဘ
ဒေါသများကို မချိုးနိုင်ကြသေး။ အပြိုင်အဆိုင်
ပြုကြရာဝယ် လောဘ၊ ဒေါသ၊ မောဟများပင် ပြိုင်နေကြ
သည်။
ကိုယ့်နိုင်ငံ၏ ဘေးပတ်ဝန်းကျင် နိုင်ငံများ
ရေဘေးကြုံသည့်အခါ ဒုက္ခရောက်လိုက်ကြတာ။
သူတို့နိုင်ငံများက သူတို့အစိုးရများက သူတို့နိုင်ငံသားများကို
ကူညီပံ့ပိုးပေးနိုင်ကြသည်။ ကိုယ့်နိုင်ငံသားများ ရေဘေး၊
ငလျင်လေး ဒုက္ခကြုံသည့်အခါမှာတော့
ကူညီမည့်သူက အလွန်နည်းပါးလှပေသည်။
ကိုယ့်နိုင်ငံသည် ဆင်းရဲပါသည်ဆိုမှ ရှည်လျားသော
စစ်၊ မပြီးနိုင်သော စစ်မီးများမှ များလှသောဒုက္ခများကို
ပေးသည်။ နောက်ထပ် ထပ်ဆင့်အနေဖြင့် သဘာဝ
ဘေးဒဏ်များက ထပ်မံအားဖြည့်ပေးပြန်လေသေည်။
ဘယ်တော့များမှ ဒီဒုက္ခဘေးဆိုးများမှ လွတ်မြောက်
ပါလေမလဲ။
ယနေ့မှာ ကောင်းကင်မှာ နေရောင်ခြည်ကို
မြင်တွေ့ရသည်။ တိမ်ဖြူများကြား မိုးသားပြာပြာကို
မြင်တွေ့ရသည်ခဏ ပျော်ရွှင်မိသည်။ ပြာသောတိမ်များကြားမှ နေရောင်အလင်းကို မြင်တွေ့ရသည်ကလည်း
ကြည်လင်မှုရှိပေသည်။ မိုးရက်ကြာစွာရွာနေသဖြင့်အဝတ်အစား၊ အိပ်ရာခင်းတို့က မှိုအနံ့ထွက်နေသည်။
နေရောင်အလင်းပြလိုက်မှ မှိုနံ့က အနညငယ်
ပြောက်ကွယ်သွားသည်။
မိုးရာသီမှာ မိုးရွာ တော့လည်း မိုးရွာလို့၊ နွေရာသီ
မှာ နေပူ တော့လည်းနေပူလို့၊ ဆောင်းရာသီမှာ
အေးတော့လည်း အေးသမို့ လူ့အလို နတ်မလိုက်နိုင်
ရှာပေ။ နတ်မင်းကြီးရေ ကိစ္စတိုင်းမှာ လိုက်ပြီး
မလုပ်နိုင်ပေမယ့် မြန်မာပြည်ကြီးကိုတော့ဖြင့်
အမြန်ဆုံး ငြိမ်းချမ်း အေးချမ်းစေချင်ပါတယ်လေ။
@htwegyi
August 10, 2026