The Green Grasses And HIVE Poem

Words
37
Reading
1 min
Listen
Play
6y

မြက်ခင်းစိမ်းစိမ်း ယိမ်းနွဲ့နေရှာ လေပြေသာလို့၊

စိမ်းလဲ့မြက်ခင်း ကြည်လင်ခြင်းက မိုးရေရလို့၊

Hive မှာ ပျော်ရ ဈေးတတ်မှလား မစဉ်းစားပြီ၊

သို့ပေသော်ငြား စာရေးပို့စ်တင် ဒေါ်လာမြင်မှ ဘဝင်ကျ၏။ ။

img_0.37115098382826095.jpg

ဒီနေ့တော့ လမ်းဘေးက မြက်ခင်းစိမ်းကို ကြည့်ငေးရင်း
မျက်စိကြည်ရသလို Hive ဈေးလေးများ စိမ်းနေတာ
မြင်ရရင်လည်း စိတ်မှာ ကြည်လင်ရတာမို့ မြက်ခင်းစိမ်း
လေး ဓာတ်ပုံ ရိုက်ယူပြီး မြက်ခင်းစိမ်းနှင့်Hive ကဗျာ
လေး ရေးဖွဲ့ တင်လိုက်ရပါတယ်။

လောလောဆယ် hive ဈေးကျလို့ အားမရပေမယ့်
ရီဝဒ်ကောင်းကောင်းလေး ရရင် ပျော်ပါပြီဗျာ။

ဘာဖြစ်ဖြစ်ပေါ့လေ။
ကိုယ်တတ်နိုင်တာ ကိုယ့်အလုပ် ကိုယ်လုပ်ရင်း
မျှော်လင့်နေရဦးမှာပါ့ HIVE ရေ။

ပြုံးပန်းဝေဆာ ရှိကြစေဗျာ။

golden.future@golden.future

The Green Grasses And HIVE Poem | Ecency