The Valuable human life
" တန်ဖိုးကြီးလှ လူ့ဘဝ
How to live a worry-free life
သောကကင်းဝေး နေနိုင်ရေး
Human life is valuable. It is sacred and provides us unique experiences. The Buddha says: Rare is birth as a human being. Hard is the life of mortals.' Human life must be cherished and guided with care if it is not to become a curse to the whole world. We should bring peace to all by acting with love, compassion, and care so as to make life worthwhile.
လူ့ဘဝဟာ တန်ဖိုးကြီးပါတယ်။ အထွတ် အမြတ်ဖြစ်ပြီး ကျွန်တော်တို့ကို ထူးခြားတဲ့ အတွေ့အကြုံတွေ ပေးပါတယ်။ မြတ်ဗုဒ္ဓက လူသားတစ်ယောက်အဖြစ် မွေးဖွားလာခြင်းဟာ ကြုံတောင့်ကြုံခဲဖြစ်တယ်၊ သေမျိုးဖြစ်တဲ့ လူ့ဘဝကို ခက်ခက်ခဲခဲ ရရှိတာဖြစ်တယ်၊ မြတ်မြတ်နိုးနိုး တန်ဖိုးထားရမယ်၊ ဂရုတစိုက် ပြုမူနေထိုင်ရမယ်၊ အဲလိုမဟုတ်ရင် ကမ္ဘာလောကကြီး ပျက်စီးခြင်းအကြောင်းဖြစ်သွားမယ်လို့ မိန့်တော်မူပါတယ်။ ကျွန်တော်တို့ဟာ မေတ္တာ၊ ကရုဏာထားခြင်းဖြင့် အားလုံး စိတ်အေးချမ်းမှုခံစားရအောင် ဆောင်ရွက်သင့်ပါတယ်။ ဘဝကို တန်ဖိုးရှိအောင် အသုံးချနိုင်ဖို့ ဂရုစိုက်သင့်ပါတယ်။
We are fortunate to be born as human beings at a time of great expansion of knowledge. It is important that we use this knowledge and tap all available resources to save lives, enhance the quality of life of mankind, and contribute to human civilization rather than destroying ourselves and the environment.
အသိပညာ အလွန် တိုးတက်နေတဲ့ ခေတ်မှာ လူသားတွေအဖြစ် မွေးဖွားလာတာ ကျွန်တော်တို့ ကံကောင်းပါတယ်။ ဒီအသိပညာကို အသုံးချပြီး သက်ရှိတွေကို ကယ်တင်နိုင်မယ့် အရင်းအမြစ်အားလုံးကို ဖော်ထုတ်ရန်နှင့် လူ့ဘဝ အရည်အသွေးတွေကို မြှင့်တင်ရန် အရေးကြီးပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုနှင့် ကိုယ့်ပတ်ဝန်းကျင်ကို ဖျက်ဆီးမည့်အစား လူ့ယဉ်ကျေးမှုကို ဖြည့်ဆည်း ပံ့ပိုးပေးဖို့လည်း အရေးကြီးပါတယ်။
We should make the best use of our human potential, consistent with our paramount position on earth. Just compare ourselves with the other living beings. They may have special attributes which can sometimes far surpass what humans are capable of. Some animals possess great strength and extraordinary instinctive power no man can equal. Some insects and animals can precognise changes in weather conditions, use their profound sense of scent for communication, even just sense impending earthquakes and cyclones. Their behaviour, however, is strongly governed by instincts. Compared with human beings, their intelligence is very limited.
ကျွန်တော်တို့ရဲ့ လူသားစွမ်းရည်ကို အကောင်းဆုံး အသုံးချသင့်ပါတယ်။ ကမ္ဘာပေါ်က ကျွန်တော်တို့ရဲ့ ပဓာန အခြေနေနဲ့ ကိုက်ညီအောင် ဆောင်ရွက်သင့်ပါတယ်။ အခြားသတ္တဝါတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ သူတို့မှာ လူသားတွေ စွမ်းနိုင်တာထက် တစ်ခါတစ်ရံ ပိုပြီး သာလွန်တဲ့ အထူး အရည်အချင်းတွေ ရှိနိုင်ပါတယ်။ အချို့တိရစ္ဆာန်တွေဟာ လူသားတွေ မယှဉ်နိုင်အောင် ကြီးမားတဲ့ ခွန်အားတွေ၊ သာမန်ထက် ထူးခြားတဲ့ ပင်ကိုယ်ဗီဇ စွမ်းအားတွေ ပိုင်ဆိုင်ကြတယ်။ အချို့ ပိုးမွှားတွေ၊ တိရစ္ဆာန်တွေဟာ ရာသီဥတု အခြေအနေအရ အပြောင်းလဲဖြစ်မှာတွေကို ကြိုသိကြတယ်။ သူတို့ရဲ့ နက်နဲသိမ်မွေ့တဲ့ အနံ့ခံ အာရုံကို ဆက်သွယ်ရေးအတွက် အသုံးပြုကြတယ်။ ငလျင်တွေ လှုပ်ခါနီး၊ ဆိုင်ကလုံးမုန်တိုင်း တိုက်ခါနီး အခြေနေတွေကိုပင် အာရုံခံကြနိုင်တယ်။ ဒါပေမယ့် သူတို့ရဲ့ အပြုအမူတွေကို ပင်ကိုယ်ဗီဇတွေက အခိုင်အမာ လွှမ်းမိုးထားတာဖြစ်ပါတယ်။ လူသားတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ သူတို့အသိဉာဏ်ဟာ အလွန်ပဲ ချိနဲ့အားနည်းပါတယ်။
Yet, for all their limitations, animals lead normal lives consistent with their instincts, unlike some human beings who abuse their intelligence and degrade human dignity. These people have their mind sclouded with various perverted concepts, beliefs, and imaginations, and allow themselves to be misdirected to harmful ends. There is nobody in this world who can say that he or she is completely satisfied with his or her life. Whatever pleasure is experienced or material things are gained, in the end unsatisfactoriness will be experienced. This is only natural.
ဟုတ်ပါတယ်။ အကန့်အသတ်တွေ အားလုံးကြောင့် တိရစ္ဆာန်တွေဟာ သူတို့ရဲ့ ပင်ကိုယ်ဗီဇတွေနဲ့ ကိုက်ညီအောင် သာမန် ဘဝနဲ့ပဲ နေထိုင်ကြပါတယ်။ အသိဉာဏ်ကို တလွဲအသုံးချပြီး လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ လူသားအချို့နဲ့ ခြားနားပါတယ်။ ဒီလူတွေရဲ့ စိတ်ဟာ အမူအကျင့်ကို ပျက်စီးစေတဲ့ အမြင်သဘောထားတွေ၊ ယုံကြည်မှုတွေ၊ စိတ်ကူးစိတ်သန်းတွေ ဖုံးလွှမ်းခံနေရပြီး၊ သူတို့ကို နစ်နာစေတဲ့ ဘဝနိဂုံးဆီ တွန်းပို့တာကို ခံယူနေကြတာဖြစ်ပါတယ်။ လောကမှာ ဘဝကို အပြည့်အဝ အားရကျေနပ်တယ်လို့ ပြောဆိုနိုင်သူ တစ်ယောက်မှ မရှိပါဘူး။ ဘယ်လို သာယာကြည်နူးမှုတွေပဲ ခံစားရ ခံစားရ၊ ဒါမှမဟုတ် ဘယ်လို ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ ပိုင်ဆိုင်ပိုင်ဆိုင် အဆုံးမှာ ကျေနပ်ဖွယ်မရှိမှုကိုပဲ ခံစားရတာပါ။ ဒါဟာ သဘာဝပဲ ဖြစ်ပါတယ်။
The question, therefore, is not whether unsatisfactoriness should be avoided, but what a person does when things become unsatisfactory. Does he act with patience and understanding or does he instead harm himself and others? The thrust of his action is linked to the extent of his greed. According to Mahatma Gandhi: 'The world has enough for everyone's need, but not enough even for one man's greed.' Those who are wealthy desire to become more wealthy. Those who have power would like to seize more power. Thus, the insatiable desire becomes the root of all conflicts.
ဒါကြောင့် ကျေနပ်ဖွယ်မရှိမှုကို မရှောင်ရှားသင့်ဘူးလာလို့ မေးစရာရှိပါတယ်။ ကျေနပ်ဖွယ်မရှိမှု ဖြစ်လာတဲ့အခါ လူတစ်ယောက်က ဘာလုပ်မလဲ။ သူဟာ စိတ်ရှည်မှု၊ နားလည်မှုနဲ့ လုပ်ဆောင်မှာလား။ ဒါမှမဟုတ် အဲဒီအစား သူ့ကိုယ်သူရော အခြားသူတွေကိုပါ ထိခိုက်အောင် လုပ်မှာလား။ သူလုပ်ဆောင်တာရဲ့ သက်ရောက်မှုဟာ သူ့လောဘနဲ့ အထိုက်အလျောက် ဆက်စပ်ပါတယ်။ မဟတ္တမဂန္ဓီရဲ့အလိုရကတော့ လူတိုင်းရဲ့ လိုအပ်ချက်အတွက် ကမ္ဘာကြီးမှာ အလုံအလောက်ရှိ။ လူတစ်ယောက်ရဲ့ လောဘအတွက်တော့ အလုံအလောက် မရှိဘူးလို့ ဆိုပါတယ်။ ချမ်းသာကြွယ်ဝလိုတဲ့ အာသာဆန္ဒရှိသူဟာ ပိုပြီး ချမ်းသာချင်တယ်။ ရာထူးအာဏာရှိသူဟာ ပိုပြီး အဆင့်မြင့်တဲ့ ရာထူးအာဏာကို ရယူချင်တယ်။ ဒီလိုနဲ့ မတင်းတိမ် မရောင့်ရဲတဲ့ အလိုဆန္ဒဟာ ပဋိပက္ခအားလုံးရဲ့ အရင်းအမြစ် ဖြစ်သွားပါတယ်။
You may ask how are we to survive without craving? Yes, craving is indispensable for living. However, one must learn to distinguish between required necessities for survival and gorging one's senses for the satisfaction of pleasure. There is a subtle difference between 'needing' and 'craving'. In living, one may struggle for one's survival as well as work to satisfy one's craving for pleasure. In the process, as a result of one's mental and moral tendencies, one may commit many mistakes which can harm oneself as well as violate the peace and happiness of others. We must be careful about the satisfaction of our craving.
အာသာပြင်းပြမှု မရှိဘဲ ကျွန်တော်တို့ ဘယ်လို ရှင်သန်မလဲလို့ သင်က မေးချင် မေးလိမ့်မယ်။ အာသာပြင်းပြမှုဟာ အသက်ရှင်သန်ရေးအတွက် မရှိမဖြစ်ပါ။ ဒါပေမယ့် လူတစ်ယောက်ဟာ အသက်ရှင်သန်ရေးအတွက် သတ်မှတ်ထားတဲ့ မရှိမဖြစ် လိုအပ်ချက်တွေနဲ့ အလိုဆန္ဒအပေါ် အားရကျေနပ်မှုအတွက် အာရုံတွေကို တဝတပြဲ ခံစားခြင်းကို ကွဲပြားအောင် လေ့လာရပါမယ်။ လိုအပ်ခြင်းနဲ့ အာသာပြင်းပြခြင်း စကားနှစ်လုံးကြားမှာ သိမ်မွေ့တဲ့ ခြားနားချက်ရှိပါတယ်။ လူတစ်ယောက်ဟာ အသက်ဆက်ရှင်ဖို့ ရုန်းကန်လှုပ်ရှားသလို အာရုံတွေအပေါ် အာသာပြင်းပြမှုကို ပြည့်ဝအောင်ခံစားမှုလည်း လုပ်နိုင်ပါတယ်။ လုပ်ဆောင်ရာမှာ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ယိမ်းယိုင်မှုတွေအရ သူ့ကိုယ်သူ ထိခိုက်စေပြီး အခြားသူတွေရဲ့ ငြိမ်းချမ်းမှုနှင့် စိတ်ချမ်းသာမှုကို အနှောင့်ယှက်ဖြစ်စေမယ့် အမှားများစွာကို ကျူးလွန်မိနိုင်ပါတယ်။ အာသာပြင်းပြမှုကို အပြည့်အဝ ခံစားရာမှာ ကျွန်တော်တို့ ဂရုစိုက်ရပါမယ်။
People destroy themselves through over indulgence. Many wealthy people often end their lives in the same way that ants drown in a cup of honey. An inordinate drive for wealth-creation does not lead to happiness but instead becomes a source of anxiety. Being so tension-ridden, many people have forgotten the art of relaxation and cannot enjoy sound sleep without the use of tranquillisers. Prolonged mental stress can reduce their physical state to a pathetic level, making them succumb to various illnesses which can lead to untimely death.
လူတွေဟာ အလွန်အကျွံ စိတ်အလိုလိုက်ခြင်းဖြင့် ကိုယ့်ကိုယ်ကို ဖျက်ဆီးတတ်ပါတယ်။ ပျားရည်ခွက်ထဲ နစ်သေတဲ့ ပုရွက်ဆိတ်တွေလို ချမ်းသာသူ အတော်အများများဟာလည်း သူတို့ဘဝတွေကို ယေဘုယျအားဖြင့် ထိုနည်းအတိုင်း အဆုံးသတ်ကြပါတယ်။ ဥစ္စာဓနစုဆောင်းခြင်းမှာ လွန်ကဲတဲ့ အလိုဆန္ဒဟာ စိတ်ချမ်းသာမှုဆီ ဦးမတည်ဘဲ စိုးရိမ်သောကရဲ့ အရင်းမြစ်ဖြစ်သွားတတ်ပါတယ်။ အဲဒီလို စိုးရိမ်ပူပန်မှု စိတ်ဖိစီးခံရရင် လူတွေဟာ အပမ်းဖြေအနားယူခြင်းကို ဖန်တီးရမယ်ဆိုတာ မေ့သွားပြီး အိပ်ဆေးတွေ မသုံးရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တော့ပါဘူး။ ကာလရှည်ကြာ စိတ်ဖိစီးမှုခံရခြင်းဟာ ကိုယ်ခန္ဓာ အခြေနေကို အချိန်မတန်ခင် သေဆုံးမှုဆီ ဆိုက်ရောက်စေမယ့် ရောဂါအမျိုးမျိုးကို မလွန်ဆန်နိုင်တဲ့ သနားစရာ အဆင့်ထိ ဆိုးရွားသွားစေနိုင်ပါတယ်။
@gla