အပြင်းအထန်

dawgyi(37)
Published in
#wafrica
Words
51
Reading
1 min
Listen
Play
8y

အသက်ရှူတာနဲ့ ပတ်သက်တဲ့ ပြဿနာတွေကို မကြုံရမခြင်း အသက်ရှူတာနဲ့ ပတ်သက်ပြီး သိပ်တွေးတောလေ့ မရှိကြပါဘူး။အပြင်းအထန် ပြေးပြီးတဲ့နောက်မှာ မောပန်းနေပြီး နောက်ထပ် ဆက်ပြေးနိုင်ဖို့ အောက်ဆီဂျင် အလုံအလောက်ရဖို့အတွက် ရုန်းကန်ရပါတယ်။ ကျွန်ုပ်တို့ ကြီးမားတဲ့စိတ်ဖိစီးမှုတွေ ကြုံလာရတဲ့အခါမှာ အသက်ရှူလို့ မဝတာမျိုး၊ အသက်ရှူကျပ်တာမျိုးတွေကို ခံစားရပါတယ်။ ကျွန်ုပ်တို့က ကိုယ်နေဟန်ထား ပိုကောင်းလာအောင် လုပ်တာမျိုး၊ အားပြည့်လာအောင် လုပ်တယ်၊ အစားအစာပုံစံတွေ ပိုကောင်းအောင်လုပ်တယ်။ ဒါပေမဲ့ အသက်ရှူတာကိုတော့ သေချာအာရုံစိုက်တာမျိုး မရှိပါဘူး။
image
တကယ်တမ်းက အသက်ကို ပြင်းပြင်းနဲ့ ရှိုက်ပြီး သေချာရှူခြင်းက အားပြည့်စေတဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပြီး အိမ်နဲ့အလုပ် အသွားအပြန်လမ်းမှာဖြစ်စေ၊ ညဘက်မအိပ်ခင်ဘဲဖြစ်စေ အချိန်တိုင်း နေရာတိုင်းမှာ လုပ်လို့ရတဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေပေးနိုင်တဲ့ အလေ့အကျင့်ကောင်းတစ်ခုပါပဲ။