မြန်မာ Steemit ချစ်သူများ သို့ (@aggamun)

aggamun(62)
Published in
#esteem
Words
326
Reading
2 min
Listen
Play
8y

image

ကျွန်တော်တို့ c-squared curator များအနေနဲ့ မြန်မာ #steemit အသုံးပြုသူများအတွက် နှစ်သီးစား အကွက်လေး ရွေ့နေပါပြီ။ ဘယ်လို နှစ်သီးစားလည်း ရှင်းပြပါရစေ။ ကျွန်တော်တို့ c2 curator အဖွဲ့ က mmunited@mmunited ဦးဆောင်မှုနဲ့ အတူ အခြား curator များဖြစ်သော lwanwai@lwanwai, nayhlaingsoe@nayhlaingsoe နဲ့ ကျွန်တော် တို့သည် c2ရဲ့ စည်းးကမ်းနဲ့ အညီ post များကို ရွေးချယ် ပေးခဲ့ပါပြီ။ ထိုက်သင့်သလောက်တော့ ရကြပါလိမ့်မည်။ သူဌေးဖြစ် မဟုတ်သော်လည်း အနည်းငယ်မျှတော့ တိုးရလာသည်ကိုက ကျေနပ်ဖို့ ကောင်းပါတယ်ဗျာ။

c2 အကြောင်းကို အောက်က link မှာ အသေးစိတ် ဖော်ပြထားပါတယ်။

image

link: https://steemit.com/msu/@aggamun/yamnma-stims-undefinedsthundefined-atyk-aggamun

အဲဒါက တစ်သီးပါ။ အခု esteem ဆိုတဲ့ အသီး အကြောင်း ပြောပါရစေ။ ဒါကလည်း bro ကြီး mmunited@mmunited ရဲ့ ကြိုးစားမှုတွေထဲက တစ်ခုပါပဲ။ esteem app က post တင်ပြီး esteem တို့ good-karma တို့ရဲ့ vote ရယူခြင်းပါ။ esteem app ကို play store မှာ ဒေါင်းလို့ရပါတယ်။ မလုပ်တတ်ရင် ကျွန်တော် facebook link ကို ပေးပါ့မယ်။ မက်ဆေ့ဂျာက တစ်ဆင့် မေးလို့ရအောင်ပါ။

facebook link ; https://www.facebook.com/profile.php?id=100010225471968

image

ကျွန်တော်တို့ c2 curator တွေပဲ လိုက်လံ စစ်ဆေး ရွေးချယ်ပါတယ်။ သူ့ စည်းမျဉ်းတွေကတော့

  • esteep app သုံးပြီး တင်တဲ့ post ဖြစ်ရပါ့မယ်။ ဒါ အဓိက ပါ။
  • rp level 31 ကျော်ရပါ့မယ် ။
  • ၂၄ နာရီ တစ်ကြိမ်သာ vote ပေးပါတယ်။ ( good-karma ပြောပုံ အရ guarantee တော့ မပေးနိုင်ပါတဲ့ )
  • စာလုံးရေ ၅၀ အထက် ပါ။ ( follower များသူ သို့မဟုတ် follower ရဲ့ power မြင့်သူ များကတော့ vote တန်ဖိုး ပိုရမှာ ဖြစ်ပါတယ်။ )
  • copy ( လုံး ဝ ) လုံးဝ မဖြစ်ပါစေနဲ့။
  • tag မှာ esteem လို့ ထည့် ရပါ့မယ်။

ကျွန်တော်တို့ ရှာဖွေရ လွယ်ကူစေရန် esteem-myanmar ဆိုတဲ့ tag လေးတော့ သုံးပေးပါ။ tag နှစ်ခုတော့ ဖြစ်သွားတာပေါ့။ ( လောလောဆယ် esteem-myanmar tag ကို မသုံးဖြစ်ရင်လည်း ပို့စ်တင်ထားကြောင်း comment လာပေးရင်လည်း စစ်ဆေးပြီး vote ပေးမှာပါ။ esteem ကိုတော့ tag အနေနဲ့ မသုံးမဖြစ် သုံးရပါ့မယ်။ ) မရှင်းတာ ရှိခဲ့ရင်လည်း comment မှာ မေးခဲ့ပါ။ ပြန်လည်ဖြေကြားရန် အသင့်ပါပဲဗျ။

image

လောလောဆယ်တော့ c2 က သပ်သပ် esteem သပ်သပ် ဖြစ်နေနိုင်ပါတယ်။ ဒါကို နှစ်သီးစား ဖြစ်အောင် ပေါင်း လိုက်ရင် ပိုပြီး အဆင်ပြေမှာ ဖြစ်ပါတယ်။ ခုလ ကုန် November လက စ တင်၍ ပေါင်းပေးတော့မှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ရွေးချယ် ခံရသူ ဆယ်ဦးက တော့ c2 က vote ရော esteem က vote ပါ ရရှိမှာ ဖြစ်ပါတယ်။ c2 က vote ကို limit 10 သာ ထားထား လို့ပါ။

ကဲ ဗျာ ဒါဆို c2 ရော esteem ကရော vote ရပြီပေါ့။ ကျွန်တော်တို့လို #steemit ကို ယုံကြည်ချက်ထား ရှေ့ဆက်နေသူများ အဖို့တော့ ဒါဟာ ကောင်းကွက်လေးပေါ့ဗျာ။ #Steemit က community ဆိုတော့ အားလုံးကောင်းမှ ဖြစ်မှာပါ။ ကျွန်တော်တို့ ကြိုးစားရပါ့မယ်။ ဒီတော့ ကျွန်တော်တို့ curator များ ပြောနေကျ အတိုင်း ပြောရင်း အဆုံးသတ်လိုက်ပါတယ်။ စာရေးတင်ရမှာက မိတ်ဆွေ တို့ တာဝန်ပါ။ ရှာဖွေ ဖော်ထုတ် ရမှာက ကျွန်တော်တို့ တာဝန်ပါ။

ကျွန်တော်တို့ မိမိတာဝန် မိမိ ကျေပွန်အောင် ကြိုးစားကြစို့လား ဗျာ။


Give my love to you all ,Steemians. 😍 😍 😍
written by : aggamun@aggamun
MSU NO - 022
IMG_20150727_002933.jpg


#myanmar
#msu

မြန်မာ Steemit ချစ်သူများ သို့ (@aggamun) | Ecency